DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၄၀ ခန့် သေဆုံး
DVB
·
August 10, 2021
မန္တလေးတွင် သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၄၀ ခန့် သေဆုံး
1 / 10
Donate to DVB

မန္တလေးမြို့မှာ သြဂုတ် ၉ ရက်က သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေကတော့ မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၁၂ ဦး၊ ချမ်းမြသာစည် ကိုဗစ်စင်တာက ၁ ဦး၊ ညိမ်းဆေးရုံက ၁ ဦး၊ အရပ်ထဲက ကိုဗစ်လူနာ ၁၉ ဦးနဲ့ သံသယလူနာ ၄ ဦး စုစုပေါင်း ၃၇ ဦး သေဆုံးခဲ့ပြီး မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန် တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေ ကိုဗစ်စင်တာတွေကို အယုံအကြည်မရှိတဲ့အတွက် အရပ်ထဲမှာ အပြင်ဆေးခန်းပြပြီး အိမ်မှာပဲ ဆေးကုသနေတဲ့ ကိုဗစ် သံသယလူနာတွေလည်း ရှိနေပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးကြတာပါ။

အောက်ဆီဂျင်ပြတ်လပ်မှု ပြဿနာဖြေရှင်းနိုင်ဖို့ ကိုမျိုးကြီး (ပန်းပျိုးသူများပရဟိတအဖွဲ့) နဲ့ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းထားတဲ့ အောက်ဆီဂျင် စက်အသစ်တစ်လုံး စတင်လည်ပတ်နေပြီး တစ်နေ့ကို ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံး ၇၀ ကျော် ထွက်ရှိမယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနဲ့ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုတွေကလည်း မနေ့က အောက်ဆီဂျင်စက် အလုံးပေါင်း ၆၀၀ ကျော်ကို မန္တလေးခရိုင်အတွင်းရှိ ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေနဲ့ ပရဟိတအသင်းတွေကို လှူဒါန်းပေးခဲ့ကြတယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

ကိုဗစ်ရောဂါလူနာတွေအတွက် အောက်ဆီဂျင်စက်တွေ လိုအပ်ပါက မန္တလေးခရိုင်အတွင်းရှိ ပရဟိတလူမူကူညီရေးအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013