DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ လော့ဒေါင်းချမည့်သတင်းကြောင့် စားသောက်ကုန်များ ဝယ်ယူစုဆောင်းနေ
DVB
·
August 7, 2021
ကချင်ပြည်နယ်၌ လော့ဒေါင်းချမည့်သတင်းကြောင့် စားသောက်ကုန်များ ဝယ်ယူစုဆောင်းနေ
1 / 3
Donate to DVB

ကချင်ပြည်နယ်က မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်၊ကျေးရွာတွေအားလုံးကို ဩဂုတ် ၁၀ ရက်မှ ၂၄ ရက်အထိ နှစ်ပတ်ကြာ လော့ဒေါင်းချမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတွေ အခြေခံစားသောက်ကုန်တွေ ဝယ်ယူစုဆောင်းနေကြပါတယ်။ 

ပြည်သူသို့ အသိပေးပြန်ကြားချက် စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ ထွက်ပေါ်နေတာဖြစ်ပြီး အဲဒီစာမှာ သြဂုတ် ၁၀ ရက်ကစပြီး နေအိမ်ပြင်ပသွားလာမှုအားလုံး နှစ်ပတ်အကြာ ကန့်သတ်မှာ ဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ပါရှိပါတယ်။

မြစ်ကြီးနားမြို့ ဈေးဝယ်ထွက်သူ အိမ်ရှင်မ တစ်ဦးက “နေအိမ်ပြင်ပ မထွက်ရဆိုတဲ့ စာတစ်စောင် ဖေ့စ်ဘွတ်ခ် ပေါ်မှာတွေ့လို့ ဈေးထွက်ပြီး  မိသားစု စားဖို့ စားသောက်ကုန်နည်းနည်း ဝယ်ထားတယ်။ စာက ဘယ်ကထုတ်တဲ့ စာလဲတော့ မသိဘူး။ စာအမှတ်တွေ၊ တံဆိပ်တုံး ထုထားတာတွေလည်း မတွေ့ရဘူး။ ပြည်သူသို့ အသိပေး ပန်ကြားချက် ဆိုပြီး လိုင်းပေါ်တက်လာတာပဲ”လို့ ပြောပါတယ်။

ပြည်သူသို့ အသိပေးပန်ကြားချက်စာဟာ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက စတင်ပြီး လူမူကွန်ရက်မှာ ထွက်‌ပေါ်လာကာ အဲဒီစာမှာ ဘယ်ဌာနက  ထုတ်ပြန်ကြောင်း တံဆိပ်နဲ့  ရက်စွဲ အတိအကျ ပါဝင်ခြင်းမရှိပါဘူး။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတဦးကတော့ “ကျနော်တို့ဆီကိုတော့ အမိန့်စာ မရောက်သေးပါဘူး။ အဲဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း သြဂုတ် ၁ ရက် ည ၈ နာရီအချိန်အထိ ပိုးတွေ့လူနာစုစုပေါင်း ၄,၄၅၈ ဦး ဆေးကုသဆဲ လူနာစုစုပေါင်း ၃,၁၈၀ ဦး၊ သေဆုံးလူနာစုစုပေါင်း ၁၄၆ ဦး ရှိတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013