DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရ ထီရောင်းမည်
DVB
·
August 7, 2021
အမျိုးသားညီညွတ်ရေးအစိုးရ  ထီရောင်းမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထီရောင်းချ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး လိုအပ်တဲ့ လောင်းကစားဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြင်ဆင်ပေးပို့လာတဲ့ လောင်းကစားဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အတည်ပြု ပြဋ္ဌာန်းတယ်လို့ ဩဂုတ် ၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ထီကို “အောင်လံလွှင့်ချီနွေဦးထီ” ဆိုတဲ့ နာမည်ပေးထားပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို ဂုဏ်ပြုထားတာတွေ့ရပါတယ်။

ပြီးတော့ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းပျောက်ကွယ်သွားစေရေး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ထွန်းလာစေရေးအတွက် မဆုတ်မနစ် တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ထီဘယ်တော့ စတင်မယ်ဆိုတာကိုတော့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မထုတ်ပြန်သေးဘဲ ဥပဒေပြင်ဆင်တဲ့ ရည်ရွယ်ချက်မှာ ဖော်ပြထားတာကတော့ ပြည်သူတွေ တခဲနက် ဆန့်ကျင် သပိတ်မှောက်တာကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အောင်ဘာလေထီချုပ်ငြိမ်းသွားချိန်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အောင်ဘာလေထီကို ထိုးသူနည်းသွားတာကြောင့် အရင်လို ကျပ်သိန်း ၁၅၀၀၀ ဆုကြီးနဲ့ ကျပ်သိန်း ၁၀၀၀၀ ဆုတို့ကို မပေးနိုင်တော့ဘဲ ကျပ် သိန်း ၅၀၀၀ နဲ့ပဲ အများဆုံးဖွင့်လှစ်နေရတာပါ။

ထီလက်မှတ် ဝယ်ယူတဲ့ စနစ်၊ ဆုငွေထုတ်ပေးမဲ့ စနစ်တို့ကိုလည်း မသိရသေးပေမဲ့ အွန်လိုင်းကို အခြေခံတဲ့ စနစ်မျိုးပဲဖြစ်မယ်လို့ ပြည်သူတွေက ခန့်မှန်းနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013