DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၂၇ ဦး သေဆုံး
DVB
·
August 7, 2021
မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၂၇ ဦး သေဆုံး
1 / 3
Donate to DVB

မန္တလေးမြို့မှာ သြဂုတ် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

တိုင်းရင်းဆေးရုံကြီးက ကိုဗစ် သံသယရှိသူ ၁ ဦး၊ ကန်တော်ကြီးသံဃာဆေးရုံက ၁ ဦး၊ မန္တလေးဆေးရုံကြီးရင်ခွဲရုံက ၁၅ ဦး၊ မြို့တော်ဆေးရုံက ၁ဦး၊ Grand Mandalay ဆေးရုံက ကိုဗစ် သံသယရှိသူ ၁ ဦး၊ Hotel Mandalay က ၁ ဦး၊ အရပ်ထဲက ကိုဗစ်သံသယရှိသူ ၅ ဦး တို့ သေဆုံးခဲ့ရာ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်သုသာန်နဲ့ တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။

ဒါ့အပြင် ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ကိုဗစ်သံသယနဲ့ သေဆုံးခဲ့သူ ၂ ဦးကိုလည်း မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်းက အေးရိပ်ငြိမ်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပြီး နေအိမ်နဲ့အနီးဝန်းကျင်ကို ပိုးသတ်ဆေးဖြန်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပြီး  မြေပြင်မှာ သေဆုံးသူစာရင်း ပိုများနိုင်ပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပြီး သြဂုတ်လပထမအပတ်မှတော့ နေ့စဉ် သေဆုံးသူစာရင်းဟာ ၅၀ ဦးအထက် ရှိတယ်လို့ မြို့ခံပရဟိတအသင်းက သိရပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးတာတွေလည်း အများအပြားရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေကို အယုံအကြည်မရှိတဲ့အတွက် ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာကြတဲ့ လူနာတွေ၊ အိမ်မှာပဲ ကုသမှုခံယူနေရတဲ့ လူနာတွေအများအပြား ကိုဗစ်ရောဂါ သံသယနဲ့  သေဆုံးတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013