DVB Logo
Home
မြန်မာသတင်း
KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၃၀ ကျော်ရှိလာ
DVB
·
August 6, 2021
KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၃၀ ကျော်ရှိလာ
Donate to DVB

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ ကိုဗစ်ပိုးတွေ့လူနာ ၆၃၀ ကျော်ရှိလာပြီး အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဂျေယန့်စစ်ရှောင်စခန်းမှာ ဇူလိုင် ၂၆ ရက်နေ့က အမျိုးသမီးတစ်ယောက်ဆီကနေ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ရှောင်စခန်းသုံးခုအပါအဝင် နေရာ ၅ ခုကို KIO က အသွားအလာကန့်သတ်ခဲ့ပါတယ်။ 

ဩဂုတ် ၄ ရက်နေ့အထိ စာရင်းတွေအရ လိုင်ဇာမှာ ပိုးတွေ့လူနာ ၃၀ ကျော်၊ မိုင်ဂျာယန်မှာ ပိုးတွေ့လူနာ ၆၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ အမျိုးသမီးတစ်ယောက်ရှိလာတယ်လို့ လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်ကော်မတီတာဝန်ရှိသူ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

"လိုင်ဇာမှာ ၃၀ ကျော်သွားပြီ။ မိုင်ဂျာယန်မှာ ၆၀၀ ကျော်တယ်။ စစ်ရှောင်စခန်းတွေမှာ တွေ့တာလည်းရှိတယ်။ ရပ်ကွက်တွေမှာလည်း တစ်ယောက်စ နှစ်ယောက်စရှိတယ်။ အများစုက ဘော်ဒါမှာ နေတဲ့လူငယ်တွေဖြစ်တာများတယ်။ လူငယ်တွေများတယ် လူကြီးတွေတော့ သိပ်မများဘူး"

မိုင်ဂျာယန်နဲ့လိုင်ဇာ နှစ်နေရာစလုံးမှာ လူဦးရေတစ်သောင်းကျော်စီကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီး ပိုးကူးစက်ခံရသူများလာတဲ့အတွက် ကာကွယ် ဆေးထိုးတာကိုရပ်ထားရပါတယ်။ 

KIO ကျန်းမာရေးဝန်ထမ်းတွေနဲ့ KIA တပ်သားတွေမှာ ရောဂါကူးစက်ခံရတာမျိုးမရှိသေးဘဲ ရောဂါအခြေအနေပြန်တည်ငြိမ်မှ ကာကွယ်ဆေးပြန်ထိုးဖို့ စီစဉ်ထားတယ်လို့ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

"သေဆုံးလူနာတစ်ယောက်ပဲရှိတယ်။ ပြင်းပြင်းထန်ထန်လက္ခဏာပြတဲ့သူတွေတော့ အခုလောလောဆယ်မရှိဘူး။ မနေ့က အမျိုးသမီးတစ်ဦးဆုံးသွားတာရှိတယ်။ တခြားနေရာမှာတော့ ဘာမှမကြားရသေးဘူး။"

ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ဆက်စပ်လူနာတွေကို စင်တာတွေမှာ စနစ်တကျထားပြီး စားသောက်ရေးအတွက်ပါ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကစီစဉ်ပေးထားပါတယ်။

အခုတစ်ကြိမ် ကိုဗစ်က အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ KIO က တိုက်တွန်းထားပါတယ်။ ရောဂါထိန်းချုပ်နိုင်ဖို့အတွက်လည်း ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကြိုးစားဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013