Home
မြန်မာသတင်း
မြိုင်မြို့နယ် ထနောင်းကုန်းရွာ၌ ကိုဗစ်လူနာများအတွက် အခြေခံစားသောက်ကုန် ထောက်ပံ့
DVB
·
August 4, 2021
231792223_2636179753350136_5451449206647959214_n
230631616_2636179886683456_7068091775823154338_n
230450637_2636179836683461_8881520502448685145_n
229671445_2636179706683474_3927836554106155825_n

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာမှာ သြဂုတ် ၄ ရက် မနက်ပိုင်းက ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေရဲ့နေအိမ်တွေကို ပြည်သူအချင်းချင်း အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ထနောင်းကုန်းကျေးရွာက ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့လူနာတွေရဲ့ နေအိမ်တွေကို စေတနာ့ ဝန်ထမ်းတွေ ဦးဆောင်ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်တွေကို  အိမ်တိုင်ရာရောက်ထောက်ပံ့ပေးခဲ့တာလို့ စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ထနောင်းကုန်းကျေးရွာက စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွကူညီဆောင်ရွက်ပေးနေပြီးတော့ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အောက်စီဂျင်ရရှိရေးလုပ်ငန်းတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024