DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး စတင်သေဆုံး
DVB
·
August 4, 2021
ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး စတင်သေဆုံး
Donate to DVB

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာနယ်မြေဌာနချုပ် လိုင်ဇာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ပထမဆုံး စတင်သေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေဆီက သိရပါတယ်။

သေဆုံးသူမှာ လိုင်ဇာ ဝေကြိုင်ရက်ကွက်က အသက် ၄၂ နှစ်အရွယ် ဆီးချို သွေးတိုး ရောဂါအခံရှိတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်က ပိုးစစ်ဆေးတွေ့ရှိပြီးနောက် မုန်လိုင်ခက် ကွာရန်တင်းစင်တာမှာ ပို့ဆောင်ကာ ကုသ‌မှုပေးနေစဉ် သေဆုံးသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ကေအိုင်ထိန်းချုပ်နယ်မြေအတွင်း ပိုးတွေ့အတည်ပြုလူနာတွေထဲ ပထမဆုံးအကြိမ် သေဆုံးခဲ့တာလို့ ကူညီ‌ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေထံဆီက သိရပါတယ်။

ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမှာ ဩဂုတ် ၃ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ ၃၂  ယောက်အထိရှိလာပြီး အများစုက ဝေကြိုင်နဲ့ မြို့ပေါ်ရက်ကွက် ၅ က ဖြစ်တယ်လို့ လိုင်ဇာမြို့ခံတွေက ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိ‌ေဌာနချုပ် လိုင်ဇာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဆက်လက်တွေ့ရှိနေသေးတာကြောင့် လော့ဒေါင်းကာလတိုးမြှင့်လိုက်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက‌ ဩဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က စတင်ပြီး လိုင်ဇာအနီးရှိ ဝေကြိုင်နဲ့ ဂျေယန့် စစ်ရှောင်စခန်းတွေမှာ ပိုးတွေ့အတည်ပြုလူနာ စတင်တွေ့ရှိပြီးနောက် ဇူလိုင် ၂၇ ရက်နေ့ကစ ဌာနချုပ်လိုင်ဇာကို လော့ဒေါင်းချကာ ကျန်းမာရေးစစ်ဆေးမှုတွေကို သက်ဆိုင်ရာက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013