DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားခန့်ထားမှု ဗဟိုဘဏ် ကန့်သတ်
DVB
·
August 3, 2021
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားခန့်ထားမှု ဗဟိုဘဏ် ကန့်သတ်
Donate to DVB

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားသားခန့်ထားမှုလျှော့ချကန့်သတ်ဖို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

အဲဒီညွှန်ကြားချက်အရဆိုရင် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဈေးကွက်ဝေစုရဲ့ ၅ ရာခိုင်နှုန်း ကျော်တဲ့ ဘဏ်ကြီးဆိုရင် နိုင်ငံခြားသား ၂၅ ဦးနဲ့အထက်၊ ဈေးကွက်ဝေစုရဲ့ ၁ ရာခိုင်နှုန်း ကျော်ပြီး ၅ ရာခိုင်နှုန်းကျော်တဲ့ ဘဏ်လတ်တွေဆိုရင် နိုင်ငံခြားသား ၁၅ ဦး၊ ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းအောက် ဘဏ်သေးတွေဆိုရင် နိုင်ငံခြားသား ၈ ဦးထက် ပိုပြီးမခန့်ရဘူးလို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နိုင်ငံသားပိုင်ဘဏ်တွေမှာဆိုရင် ဘဏ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌရာထူးကို နိုင်ငံခြားသား ခန့်ထားခြင်း မပြုရသလို အမှုဆောင် အရာရှိချုပ် ရာထူးကို နိုင်ငံခြားသား ခန့်ထားမယ်ဆိုရင် ဒုတိယ အမှုဆောင် အရာရှိချုပ် ရာထူးကို မြန်မာနိုင်ငံသား ခန့်ထားရမှာ ဖြစ်ပါတယ်။ 

ဒီကန့်သတ်ချက်တွေအပြင် နိုင်ငံခြားသား ဝန်ထမ်းကို ဌာနအကြီးအကဲခန့်မယ်ဆိုရင် ဘဏ်မှာရှိတဲ့ ဌာန စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအထိပဲ ခန့်ထားရမှာ ဖြစ်သလို ဌာနအကြီးအကဲကို နိုင်ငံခြားသား ခန့်မယ်ဆိုရင် ဒုတိယ ဌာနအကြီးအကဲကို မြန်မာနိုင်ငံသား ခန့်ထားရမှာဖြစ်ပါတယ်။ 

နိုင်ငံခြားသားဝန်ထမ်းကို ခန့်အပ်ရာမှာလည်း ဌာနအကြီးအကဲဖြစ်ရင် အစမ်းခန့် ၁ နှစ် စုစုပေါင်း ၃ နှစ်၊ ဌာနအကြီးအကဲအောက် ဝန်ထမ်းဖြစ်ရင် အစမ်းခန့် ၆ လ စုစုပေါင်း ၃ နှစ်ပဲ ခန့်ထားရမယ်လို့ ညွှန်ကြားချက်က ဆိုထားပါတယ်။ ၃ နှစ် သက်တမ်းတိုးပြီး ထပ်မံခန့်ထားမယ်ဆိုရင် ၂ နှစ်အထိ တိုးမြှင့်နိုင်မယ်လို့ ဆိုပါတယ်။ 

ခန့်ထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းက တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ရင် သက်ဆိုင်ရာ ဘဏ်အနေနဲ့ ဗဟိုဘဏ်ကို ချက်ချင်း အကြောင်းကြားရမှာဖြစ်ပြီး ဘဏ်တွေက အခု ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို မလိုက်နာရင် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ အရေးယူသွားမယ်လို့ လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013