DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းနှစ်ဦး ကိုဗစ်ကူးခံရသဖြင့် ရေဦးမြို့ ကမ္ဘောဇဘဏ်ခွဲဝန်ဆောင်မှု ‌ယာယီရပ်နား
DVB
·
August 3, 2021
ဝန်ထမ်းနှစ်ဦး ကိုဗစ်ကူးခံရသဖြင့် ရေဦးမြို့ ကမ္ဘောဇဘဏ်ခွဲဝန်ဆောင်မှု ‌ယာယီရပ်နား
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ရေဦးကမ္ဘောဇဘဏ်ခွဲက ဝန်ထမ်းနှစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ဩဂုတ် ၂ ရက်နေ့ကစပြီး ဘဏ်ဝန်ဆောင်မှုတွေ ယာယီရပ်နားထားမယ်လို့  ဘဏ်က ထုတ်ပြန်ကြေညာပါတယ်။ 

ခေတ္တယာယီရပ်ဆိုင်းထားတဲ့ကာလအတွင်း ဘဏ်နဲ့ ဘဏ်ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

KBZPAY . KBZ iBanking . MBanking စတဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းတွေကိုတော့ ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး ဘဏ်ဖွင့်မယ့်ရက်ကို ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးလောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ကိုဗစ်စစ်ဆေးမှုတွေ တပတ်ကြာရပ်နားထားပြီး ဩဂုတ် ၂ ရက်နေ့က ပြန်လည်စစ်ဆေးရာမှာ မ္ဘောဇဘဏ် ဝန်ထမ်း ၂ ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်တွေ့ရှိခဲ့တာပါ။

ရေဦးမြို့မှာ ကိုဗစ်-၁၉ ကူစက်မှုနှုန်းမြင့်မားနေတာဖြစ်ပြီး ကမ္ဘောဇ ဘဏ်တည်ရှိရာ အောင်ဆန်ရပ်ကွက်ကိုလည်း ဇူလိုင်လ ၂၈ ရက်ကနေ ဩဂုတ် ၁၀ ရက်နေ့အထိ ၁၄ ရက်တာ Stay at home ကြေညာထားပါတယ်။

ရေဦးမြို့မှာ ဇွန်လလယ်ကစပြီး ဩဂုတ် ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၀၃ ယောက်၊ သေဆုံးသူ ၁၀ ဦးနဲ့ သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းသွားသူ ၃၀၂ ‌ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013