DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် တပတ်ကြာရပ်နားထားသည့် ကိုဗစ်စစ်ဆေးမှု ပြန်စ၊ ၄၈ ဦး ပိုးတွေ့
DVB
·
August 3, 2021
ရေဦးတွင် တပတ်ကြာရပ်နားထားသည့် ကိုဗစ်စစ်ဆေးမှု ပြန်စ၊ ၄၈ ဦး ပိုးတွေ့
Donate to DVB

ရေဦးမြို့မှာ ဩဂုတ်လ ၂ ရက်နေ့က ကိုဗစ်-၁၉ သံသယလူနာ ၉၃ ဦးကို စစ်ဆေးခဲ့ရာ ၄၈ ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကိုဗစ်ကော်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးလောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ကိုဗစ်စစ်ဆေးမှုတွေ တပတ်ကြာရပ်နားထားပြီး ဩဂုတ် ၂ ရက်နေ့က ပြန်လည်စစ်ဆေးခဲ့တာပါ။

မြို့မိမြို့ဖတစ်ဦးက “ကူးစက်မှုနှုန်းက ကျနော်တို့မြို့မှာ လုံးဝ မကျသေးဘူး။ အားလုံးသတိ ဝီရိယ ထားပြီး စည်းကမ်းတွေ လိုက်နာကြဖို့လိုပြီ။ သံသယ လူနာလောက်ပဲလာစစ်တာကို ၅၀ ရာခိုင်နှုန်းကျော် ပိုးတွေ့နေဆဲပဲ။ နောက်ဆရာဝန်ကြီးကလည်း ဒီတခေါက် ဆေးရုံတက်လူနာတွေက သက်ကြီးပိုင်းလည်း များပြီး အောက်ဆီဂျင် လိုအပ်ချက်လည်းရှိတော့ သေဆုံးမှုများနိုင်တယ်လို့ပြောတယ်ဗျ” လို့ ပြောပါတယ်။

ရေဦးမြို့မှာ ဇွန်လလယ်ကစပြီး ဩဂုတ် ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၀၃ ယောက်၊ သေဆုံးသူ ၁၀ ဦးနဲ့ သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းသွားသူ ၃၀၂ ‌ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013