Home
မြန်မာသတင်း
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ပြန်လွတ်
DVB
·
August 2, 2021
230400752_1155430614941280_2061341876016093530_n
228821577_1155430741607934_4824462861143179173_n
228416975_1155430661607942_2074744094691866015_n
225327066_1155430571607951_748246129477793021_n
220884042_1155305518287123_8041018453118897424_n

စစ်အာဏာသိမ်းမှုဆန့်ကျင်ရာမှာပါဝင်ခဲ့တဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၂ ရက် မနက် ၄ နာရီမှာ ပုသိမ်အကျဥ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကပြန်လွှတ်ပေးတဲ့အထဲမှာ ပြန်လွှတ်ဖို့ ချန်ခဲ့တဲ့အထဲက ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်တွေယူပြီး အမှုပိတ်သိမ်းပြန်လွှတ်ပေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့မှာ ရဲတပ်ဖွဲ့က ညွှန်ကြားလာခဲ့ပြီး  ဒီနေ့မှာပြန်လွတ်တာလို့ နီးစပ်သူတဦးက ပြောပါတယ်။

"ဒီနေ့ပြန်လွတ်ပါပြီ ထောင်ကလွတ်ပြီး ရဲစခန်းမှာ အမှုပိတ်တယ် နေ့လည်ပိုင်းမှပြီးပါတယ် ခုတော့ ဆရာကြီး ကျန်းမာပါတယ်။ အပြောင်းအရွေ့လုပ်ရမယ်ထင်တယ်၊ ပစ္စည်းတွေသိမ်းတာ တွေ့တယ်''လို့ ပြောပါတယ်။

ပြန်လွတ်မြောက်လာတဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်ကိုပြောင်းရွှေ့ဖို့အတွက် မတ်လပိုင်းထဲက အမိန့်ထုတ်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပင်းတယမီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက မတ်လထဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး ၅ လအကြာ သြဂုတ်လမှာ ပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024