
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို မေလ ၂၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်အတွင်း တရားရုံးမှာ ၆ ကြိမ်မြောက်ရုံးထုတ်ပါတယ်။
ဆရာကြီးဒေါက်တာသန်းမင်းထွဋ်ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး အစားအသောက်လည်း အဆင်ပြေကြောင်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ ဒေါက်တာသန်းမင်းထွဋ်ကို စစ်ဆေးခြင်းမရှိသေးဘဲ အမှုကို ဇွန်လ ၂ ရက်နေ့မှာ ရုံးချိန်းထပ်မံချိန်းဆိုထားပါတယ်။
ပုသိမ်ဆေးရုံကြီးမှ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၅ရက်နေ့မှစတင် အာဏာဖီဆန် CDM လှုပ်ရှားမှု ပြုလုပ်နေကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဒေါက်တာသန်းမင်းထွဋ်ကို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-က နဲ့ မတ်လအတွင်း ဖမ်းဆီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူ အယောက် ၅၀ ကျော်ရှိပြီး ထောင်တွင်း တရားရုံးမှာ အမှုစစ်ဆေးနေတာဖြစ်ပါတယ်။