DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်တွင် ကြံ့ခိုင်ရေးအမတ်ဟောင်း ၁ ဦး အပါအဝင် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆ ဦး ရှိလာ
DVB
·
August 2, 2021
ပျော်ဘွယ်တွင် ကြံ့ခိုင်ရေးအမတ်ဟောင်း ၁ ဦး အပါအဝင် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆ ဦး ရှိလာ
Donate to DVB

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်မှာ  သြဂုတ် ၁ ရက်နေ့က ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်းတစ်ဦးအပါ အဝင် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ  ၂၆ ဦး အထိရှိလာပြီလို့  ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

"လွှတ်တော်အမတ်ဟောင်းတစ်ဦး ဒီနေ့မနက်အစောမှာပဲ ကိုဗစ်ရောဂါနဲ့ အောက်ဆီဂျင်ကျလို့ မိတ္ထီလာစစ်ဆေးရုံသွားတာ ဆေးရုံရောက်ရောက်ချင်းပဲ သေဆုံးသွားတယ်။ ပျော်ဘွယ်မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၂၅ ဦးရှိနေတယ်။ အမတ်ဟောင်းတစ်ဦးရောဆို သေဆုံးသူ ၂၆ ဦး ရှိနေတယ်"လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ပျော်ဘွယ်မြို့ ရွှေပြည်ရန်လုံရပ်ကွက်နေ အသက် ၆၆ နှစ်အရွယ် ဦးမြင့်စိုးဟာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅ရွေးကောက်ပွဲမှာ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၉ ဦး ရှိနေပြီး ပျောက်ကင်းလို့ ဆေးရုံကဆင်းသွားသူ ၃၈၁ ဦး ၊ သေဆုံးသူ ၂၆ ဦး ရှိကာ  ဆေးကုသမှု ခံယူနေသူ  ၂၁၂ ဦးရှိနေပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ  ဇူလိုင်  ၃၁ ရက်နေ့က စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက Stay at home  အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013