DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးနှင့် သံသယလူနာ ၄ ဦး စံချိန်တင်သေဆုံး
DVB
·
August 2, 2021
ပြည်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးနှင့် သံသယလူနာ ၄ ဦး စံချိန်တင်သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဩဂုတ် ၁ ရက်နေ့ တ‌စ်နေ့တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးနဲ့ သံသယလူနာ ၄ ဦး စံချိန်တင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတဦးက “ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှ အတည်ပြုလူနာ ၁၃ ဦး၊ ကုတင် ၁၀၀ စစ်ဆေးရုံက ၃ ဦးနဲ့ သံသယနဲ့ သေဆုံးသူ ၄ ဦးတို့ စံချိန်တင်သေဆုံးတာပါ” လို့ ပြောပါတယ်။

ပြည်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ မနေ့ကအထိ သေဆုံးသူ စုစုပေါင်း ၂၇၃ နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ မနေ့ကအထိ သာမန်သေဆုံးသူနဲ့ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၅၉၁ ယောက်ရှိခဲ့ပြီး သေဆုံးမှုနှုန်းစံချိန်တင်မြင့်မားခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013