DVB Logo
Home
မြန်မာသတင်း
မကွေးမြို့၌ တပတ်အတွင်း ပရဟိတအဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
DVB
·
August 1, 2021
မကွေးမြို့၌ တပတ်အတွင်း ပရဟိတအဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
1 / 4
Donate to DVB

မကွေးမြို့မှာ ဇူလိုင် ၂၅ ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ပရဟိတ အဖွဲ့ဝင် ၁၃ ယောက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

မကွေးမြို့မှာ ကိုဗစ်ရောဂါအပါအဝင် လူနာတွေကို သယ်ပို့လုပ်နေတဲ့ KS လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ၆ ယောက်နဲ့ ကူညီထောက်ပံ့တာတွေပြုလုပ်နေတဲ့ မကွေး ပရဟိတအဖွဲ့ဝင် ၇ ယောက် ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ကူညီကယ်ဆယ်ရေးလမ်းကြောင်းတချို့ ရပ်နားထားရတယ်လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်က DVB ကို ပြောပါတယ်။

မကွေးမြို့က ကိုဗစ်ရောဂါပိုးတွေ့တဲ့ လူနာတွေကို ဆေးရုံပို့ဆောင်ပေးပေမယ့်လည်း ဆေးရုံတွေမှာ အောက်စီဂျင်မလုံလောက်တဲ့အတွက် အောက်ဆီဂျင်အိုး ပါမှသာ လက်ခံကုသပေးတာကြောင့် မြို့ပေါ်ကလူနာတွေဟာ မိမိနေအိမ်မှာပဲ အောက်ဆီဂျင် ရှူနေကြရတယ်လို့ ဆိုပါတယ်။

မကွေးမြို့ပေါ်မှာ အောက်ဆီဂျင်ခွဲတမ်းအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လက်မှတ် လိုအပ်သလို တချို့က အောက်ဆီဂျင်အိုးရှိပေမယ့် လေ​မရှိဘူး၊ တချို့က လေရှိပြီးတော့ အိုးမရှိကြဘူးကြောင့် အောက်ဆီဂျင်အခက်ခဲတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးရတယ်လို့ ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာတော့ အောက်ဆီဂျင်ရနိုင်ပေမယ့် အခြေခံလက်လုပ်လက်စားတွေအနေနဲ့ ဆေးကုသစရိတ် မတတ်နိုင်တာကြောင့် အောက်ဆီဂျင်အိုး ငှားရမ်းပြီးတော့ မိမိနေအိမ်မှာပဲ ဖြစ်သလို နေနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်မှာတော့ ကွာရန်တင်းစင်တာတွေ စနစ်ကျထားရှိပြီးတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူတွေကအစ စျေးဝယ်ပေးတာတွေ လုပ်ဆောင်ပြီး Q ကနေ ထွက်မှ ပြန်ပေးရကာ ပရဟိတအဖွဲ့တွေကလည်း လက်တွဲညီညီနဲ့ လုပ်ဆောင်ပေးခဲ့တာကြောင့် အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခု စစ်ကောင်စီလက်ထက် တတိယလှိုင်းမှာတော့ ပြည်သူလူထုကလည်း သူတို့ကို ဂရုမစိုက်သလို ပြည်သူကိုလည်း သူတို့က ဂရုမစိုက်ကြဘဲ စည်းကမ်းလိုက်နာမှုလည်း အားနည်းတာကြောင့် ရောဂါပိုးကူးစက်နှုန်းက ပိုမိုများပြားလာတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013