DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ဆေးဝါးများ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်
DVB
·
August 1, 2021
ရေးမြို့တွင် ဆေးဝါးများ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်
Donate to DVB

မွန်ပြည်နယ်  ရေးမြို့မှာ  ဆေးဝါးတွေ ပြတ်လပ်လာပြီး ဈေးနှုန်းလည်း အရင်ကထက် ကြီးမြင့်လာတာကြောင့် မြို့နေပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ နာတွေ များလာတာကြောင့် လက်ရှိ ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ သူနာပြုတွေ မနိုင်မနင်း ဖြစ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြင်ပဆေးခန်းနဲ့ ဆေးဆိုင်တွေလည်း ပိတ်ထားပြန်၊ ဖွင့်ထားတဲ့ ဆေးဆိုင်ရှိပြန်လည်း ဆေးက ဈေးကြီးတာနဲ့ လိုအပ်တဲ့ဆေးက မရှိဘူးဆိုတော့ သာမန်ရိုးရိုးဖျားနားရောဂါတောင် ဘာနဲ့ ကုသပြီး နေရမလဲ မသိတော့ဘူး။”

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် CDM ၀င်ထားကြတဲ့ ဆရာဝန်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ဆရာဝန်တွေ တိမ်းရှောင်နေရတဲ့အတွက် ဆေးရုံ ဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မနိုင်မနင်းဖြစ်နေတာလို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ တတိယလှိုင်းမှာ လူနာတွေ များပြားလာခဲ့တာကြောင့် ကျန်းမာရေးဂေဟစနစ် အားလုံး ပျက်စီးသွားပြီလို့ ဒေသခံက ပြောပါတယ်။

“ကိုဗစ်လူနာနဲ့ သာမန်ရိုးရိုးဖျားနားရောဂါက အစ ရောထွေးလာခဲ့သလို ဆေးဝါးက အရေးတကြီး အလျင်စလိုလိုက်ဝယ်ရတဲ့အခါ ငွေကြေးတတ်နိုင်တဲ့ သူတွေက ဘာမှ ပြဿနာမရှိပေမယ့် အခြေခံလူတန်းစားမှာ ဆေးဝါးဝယ်ဖို့ နေနေသာသာ စားဖို့က လတ်တလောပိုပြီး အရေးကြီးနေပါတယ်။”

အခုလို ဆေးဝါးတွေ မပြတ်လပ်အောင်နဲ့ ဆေးတွေ ဈေးမငြိမ်မသက် ဖြစ်နေတာကို စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့ မြို့ခံ နောက်တဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ ဇူလိုင် ၃၁ ရက်အထိ ကိုဗစ်-၁၉အတည်ပြု လူနာ ၆၀၀ နီးပါးနဲ့ သေဆုံးသူ ၄၀ ဦး အထိရှိလာပြီး လက်ရှိ သာမန်တုပ်ကွေးရောဂါလည်း ဖြစ်ပွားနေကြတာကြောင့် အရေးပေါ်လူနာတွေ ပိုပြီး အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

အဓိက ဆေးဝါးကို ဝယ်ယူလို့လည်း မရသလို ရာသီပေါ် တုပ်ကွေးနဲ့ ပက်သက်တဲ့ ဆေးတွေက ဆေး ၁ မျိုးကို ကျပ် ၂၀၀ စီ လောက်တက်ပြီး ကိုဗစ် ရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေကတော့ အရင်က ၃၀၀၀ လောက်ပေးရတာကို အခု ၆၀၀၀၊ ၇၀၀၀ လောက် ပေးနေရကာ ဆေးဆိုင်အတော်များများ ပိတ်ထားတာကြောင့် ဝယ်ဖို့လည်း အဆင်မပြေကြဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013