DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄,၇၀၀ ကျော်၊ သေဆုံးသူ ၃၉၂ ဦးရှိ
DVB
·
August 1, 2021
မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄,၇၀၀ ကျော်၊ သေဆုံးသူ ၃၉၂ ဦးရှိ
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ်  ၄,၇၂၅ ယောက်တွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂၉၉,၁၈၅ ယောက် ရှိလာခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရက်တည်းသေဆုံးသူ အရေအတွက်ကတော့ ၃၉၂ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉,၃၃၄ ယောက်ရှိလာပြီလို့လည်းဆိုပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။ 

ရန်ကုန်မြို့မှာရှိတဲ့ သုသာန် ၄ ခုမှာ ဇူလိုင် ၃၁ ရက် နေ့    မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျဆင်းသွားပြီး ၃၀၀ ဝန်းကျင်ရှိတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၇၉၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၇၂၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၄ ဒသမ ၂  ရာခိုင်နှုန်း  ရှိနေခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃၈၃၅ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရရုံးတွေ အခုလကုန်ထိ ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၀၈ မြို့နယ်ကိုလည်း Stay At Home မြို့ နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဇူလိုင် ၃၁ ရက်အထိ အတည်ပြုလူနာ စုစုပေါင်း ၃ သိန်းနီးပါးတွေ့ရှိသည့်အနက် ကိုဗစ် တတိယလှိုင်းဖြစ်တဲ့ မေလကုန် ဇွန်လဆန်းမှ ဇူလိုင်လကုန်ထိ ၂ လတာ ကာလအတွင်း အတည်ပြုလူနာ ၁သိန်းခွဲကျော်တွေ့ရှိခဲ့ပါတယ်။

တတိယလှိုင်း ၂လတာ အတွင်း တွေ့ရှိတဲ့ အတည်ပြုလူနာဦးရေဟာ ရှေ့ ၁၄ လအတွင်း တွေ့ရှိတဲ့ အတည်ပြုလူနာဦးရေထက်များနေတာ တွေ့ရပါတယ်။

ဇူလိုင်လအတွင်း ပိုးတွေ့နှုန်းမှာ အမြင့်ဆုံးအဖြစ် ၄၀ ရာခိုင်နှုန်းကျော်ထိရောက်ခဲ့ပြီး ပျမ်းမျှအားဖြင့် တရက် ၃၀ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ခွဲစမ်းသပ်မှုတွေကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်တာကြောင့် တတိယလှိုင်းမှာ အတည်ပြုလူနာတွေ့ရှိမှုနဲ့သေဆုံးမှုတွေပိုများခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန  MOHS ရဲ့ နေ့စဉ် စာရင်းထုတ်ပြန်တဲ့ စာရင်းတွေဟာလည်း  မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေထက် များစွာနည်းပါးကွာခြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013