DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့၌ ၁ လအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၇၈၀ ကျော်ရှိလာ
DVB
·
July 31, 2021
ပုသိမ်မြို့၌ ၁ လအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၇၈၀ ကျော်ရှိလာ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင် ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၁ လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၇၈၈ ယောက်ထိရှိလာပြီလို့ နာရေးမီးသင်္ဂြိုဟ်ပေးနေတဲ့ မနောဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ပါတယ်။

မနောဖြူလူမှုကူညီရေးအသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ကိုဗစ်ဖြစ်ပြီး သေဆုံးတဲ့ စာရင်းမပါဝင်သေးဘူးလို့ သိရပါတယ်။

ဒေသခံပရဟိတအဖွဲ့တွေကတော့ အိမ်မှာနေပြီ သေဆုံးတဲ့သူတွေပါ ရှိလာတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၀၀ ကျော်ထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

အိမ်မှာသေဆုံးတဲ့ လူဦးရေမြင့်တက်လာတာဟာ ဆေးရုံတွေကို တန်းသွားလို့ ဆေးရုံက လက်မခံတာကြောင့် အိမ်တွေမှာကုသရပြီး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတာများလာတာလို့ ဆိုပါတယ်။

သေဆုံးမှုအများဆုံးကတော့ နေအိမ်တွေမှာ ကုသနေရတဲ့ အတည်ပြုလူနာတွေအများဆုံးဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ပုသိမ်ဆေးရုံကြီးမှာ ၃ ဦး၊ နေအိမ်တွေမှာသေဆုံးသူ ၂၂ ဦးထိ ရှိတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ကို ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်နေ့ကစတင်ကာ Stay at Home ထုတ်ပြန်ခဲ့သလို ဈေးတွေနဲ့ ကျောင်းတွေလည်း ပိတ်ထားခဲ့ပေမယ့် ရောဂါကူးစက်မှုမြင့်တက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013