DVB Logo
Home
မြန်မာသတင်း
အမာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦး ပထဆုံးသေဆုံး
DVB
·
July 30, 2021
အမာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦး  ပထဆုံးသေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်မှာ ဇူလိုင် ၂၉ ရက်မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသမီးတစ်ဦး ပထမဆုံး စတင်သေဆုံးခဲ့ပါတယ်။

အမာမြို့ ၊ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ အမာမြို့ ၁ ရပ်ကွက်မှာ နေထိုင်သူ  အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတစ်ဦးသေတယ်။ ဒီနေ့ပဲ မြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ သံဃာ တစ်ပါးရယ်၊ အခြားကျေးရွာက အမျိုးသမီး နှစ်ဦးရယ်၊ သံသယ လက္ခဏာရှိလို့ ဆေးရုံမှာ လါရောက်စစ်ဆေးတာ ကို‌-၁၉ ရောဂါပိုး ၃ ဦး စလုံးတွေ့တယ်။"  

အမာမြို့နယ်မှာ ကညင်ကုန်းကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးကို ဇူလိုင် ၅ရက်နေ့က နေမကောင်းဖြစ်သဖြင့်  RDT test ဖြင့် စစ်ဆေးရာမှ Covid 19ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၉ရက်နေ့ထိ  ပိုးတွေ့လူနာ (၂၃)ဦး ရှိကာ  လက်ရှိအချိန်ထိအမာမြို့  ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ(၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း  အမာမြို့  ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013