DVB Logo
Home
မြန်မာသတင်း
ကိုဗစ်တတိယလှိုင်းကြောင့် ရောင်းမရသည့် ကုန်စိမ်းကိုဝယ်ယူပြီး ရန်ကုန်မြို့သို့ လှူဒါန်း
DVB
·
July 30, 2021
ကိုဗစ်တတိယလှိုင်းကြောင့် ရောင်းမရသည့် ကုန်စိမ်းကိုဝယ်ယူပြီး ရန်ကုန်မြို့သို့ လှူဒါန်း
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်းမှာ အဓိကထွက်ရှိတဲ့ကုန်စိမ်းတွေဟာ ရောင်းလို့မရတော့တဲ့ အခြေအနေ ဖြစ်နေတာကြောင့် လုပ်ငန်းရှင်တွေက တောင်သူကိုကူညီတဲ့အနေနဲ့ ဝယ်ယူပြီး ရန်ကုန်ကို ပေးပို့လှူဒါန်းပေးနေပါတယ်။

ကုန်စိမ်း တန်ချိန် တစ်သောင်းကျော်ဝယ်ယူပြီး ရန်ကုန်ကိုပို့ဆောင်ကာ ရန်ကုန်က ပရဟိတနဲ့ချိတ်ပြီး လှူဒါန်းပေးနေတာပါ။

"ခရမ်းချဉ်သီးတွေခူးထားလည်း ရောင်းလို့မရဘူး။ တချို့ဆို ခူးလည်း မခူးတော့ဘူးပေါ့။ ရန်ကုန်ဘက်မှာဆို စျေးကြီးတယ်လေ အဓိက ရန်ကုန်ကလူတွေအဆင်ပြေ၊ တောင်သူတွေ လည်း အဆင်ပြေ အဲဒီရည်ရွယ်ချက်နဲ့ ကျွန်တော် တို့ဝယ်ပေးပြီးလှူလိုက်တာပါ"လို့ နေစစ်သည် ကုမ္ပဏီမှ ကိုဇော်ထွန်းအောင်က ပြောပါတယ်။

ကိုဗစ် တတိယလိုင်းဖြစ်တော့ လူတွေလည်းအပြင်မထွက်ကြတော့သလို ကုန်စိမ်းသယ်ယူပို့ ဆောင်သူတွေလည်းနည်းပါးတာကြောင့် စျေးနှုန်းတွေမရသလို ရောင်းရခက်ခဲတဲ့ အနေအထားတွေ ဖြစ်လာပါတယ်။

"ရှမ်းပြည်က မြန်မာတနိုင်ငံလုံးရဲ့မီးဖိုချောင်ဗျာ့၊ မီးဖိုချောင်သုံးစားသောက်ကုန် အကုန် ထွက်တယ်။ ဒီအချိန်မှာ ကုန်စည်ကူးသန်းမှုခက်ခဲလာတယ်၊ တောင်သူတွေလည်းခက်ခဲလာတယ်။ ဒါကိုဝိုင်းကူညီပေးတဲ့အနေနဲ့ပေါ့၊ ကျနော်တို့ဝိုင်းကူပေးသလို တခြားလူတွေလည်း တောင်သူ အခက်အခဲကို ပြန်ကူပေးဖို့ ပြောချင်ပါတယ်"လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ပန်းမုန်လာတွေတစ်ပိဿာမှ ၁၀၀ ကျော်ပဲကျပြီး မုန်ညင်းတွေဆိုဝယ်မဲ့သူ မရှိလို့ ဖျက်ဆီးလိုက်ရတဲ့သူတွေလည်းရှိနေပါတယ်။

"ကော်ဖီထုတ်ဆိုရင်အဝေးက မဝယ်တော့ဘူး၊ အလုပ်သမားခ၊ မြေသြဇာတွေက စျေးကြီးဆိုတော့ အရှုံးနဲ့ပဲကြုံနေရပါတယ်"လို့ တောင်သူတစ်ဦးကပြောပါတယ်။

အဓိက ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ ကော်ဖီ ထုတ်တွေကို ဝယ်ယူပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013