DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ဝမ်တိန်မြို့ကို Lockdown ဖြေလျှော့ပြီး Stay at Home သတ်မှတ်
DVB
·
July 30, 2021
တရုတ်-မြန်မာနယ်စပ် ဝမ်တိန်မြို့ကို Lockdown ဖြေလျှော့ပြီး Stay at Home သတ်မှတ်
Donate to DVB

တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့နယ် ဝမ်တိန်မြို့ကို ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး Lockdown ဖြေလျှော့ကာ Stay at Home အဖြစ် သတ်မှတ်လိုက်တယ်လို့ ဝမ်တိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနက အသိပေးကြေညာလိုက်ပါတယ်။

ဝမ်တိန် ရန်ကွမ်းရွှေ့အန်း ဧရိယာနဲ့ ၇.၀၈ မှာ ကွာရန်တင်းဝင်နေတဲ့ သူတွေ Stay at Home အဖြစ် ဆက်လက်နေထိုင်ရမယ်လို့ ဖော်ပြထားပါတယ်။

Stay at Home ကာလအတွင်း မည်သူမှ ဝမ်တိန်မြို့မှ ထွက်ခွာခွင့်မပြုကြောင်း၊ အရေးပေါ်ကိစ္စကြောင့် ထွက်ရမယ်ဆိုပါက ၄၈ နာရီ အတွင်း စစ်ဆေးထားတဲ့ ပိုးကင်းစင်ကြောင်း လက်မှတ်၊ မှတ်ပုံတင်၊ စာရွက်စာတမ်း မိတ္တူတွေနဲ့ ကိုယ်သွားမယ့်နေရာစတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ သက်ဆိုင်ရာကို တင်ပြရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနက စိစစ်အတည်ပြုချက်ရမှ ထွက်ခွာခွင့်ပြုမယ်လို့ ပါရှိပါတယ်။

ဝမ်တိန်ကို ဝင်ရောက်မယ့်သူတွေလည်း အလားတူအထောက်အထားတွေ ပြရမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်၊ အိမ်ပိုင်အထောက်အထား၊ အိမ်ထောင်စု စာရင်း၊ အိမ်ငှားဖြစ်ပါက အငှားစာချုပ် စတဲ့ အထောက်အထား တစ်မျိုးမျိုးနဲ့ ၇၂ နာရီအတွင်း ပိုး စစ်ထားတဲ့ ပိုးကင်းစင်ကြောင်း ဆေးလက်မှတ်၊ သွားရောက်ရတဲ့အကြောင်းအရင်း တင်ပြရမှာပါ။

ဝမ်တိန်ဒေသမှ ရွှေလီမြို့နယ်နဲ့ အခြား မြို့တွေကို ကုန်မျိုးစုံ တင်ပို့၊ တင်သွင်းမယ်ဆိုရင် ဟိုင်းဝေးလမ်းမကြီး ဖြစ်တဲ့ ဟယ့်ရှန်း ဂိတ်ကနေသာ ယာဉ် အစားထိုးမောင်းနှင် စနစ်နဲ့ ဝင်၊ ထွက်ဖို့၊ ကိုဗစ် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ တင်သွင်းဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဝမ်တိန်မှာ လက်ရှိ နေထိုင်သူတွေအပါအဝင် ပြင်ပမှ ရောက်ရှိလာသူအားလုံး ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ဧည့်စာရင်းမတိုင်ထားတဲ့သူဆီမှာ ပိုးတွေ့ပြီး ကူးစက်စေပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ဆေးဆိုင်တွေမှာ အဖျားကျဆေး၊ အပူကျဆေး၊ ပိုးသတ်ဆေးလိုမျိုး၊ ချောင်းဆိုးပျောက်ဆေးနဲ့ ပတ်သက်တဲ့ ဆေးမျိုး လုံးဝ ရောင်းချခွင့်မပြုကြောင်း၊ ကိုဗ်စ-၁၉ ရောဂါလက္ခဏာ ဖြစ်လာပါက သက်ဆိုင်ရာကို သတင်းပို့ပြီး ဆေးစစ်ရမယ်လို့ ဆိုပါတယ်။

ဝမ်တိန်ကို ဇူလိုင်လ ၈ ရက်ညက လော့ဒေါင်းချခဲ့တာဖြစ်ပြီး ကျင်းစန်းကျော့ -  ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ နေ့လည်ခန့်က ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ကဘက်က ရက်အကန့်အသတ် မရှိပိတ်ထားခဲ့ပေမယ့် ဇူလိုင်လ ၂၃ ရက်ကစ ဝမ်တိန်ဘက်က ကုန်တင်ပြီး၊ အခွန်ဆောင်ပြီး မြန်မာကုန်တင်ကားတွေကို တစ်ပတ် သုံးကြိမ်၊ တစ်ကြိမ်ကို အစီး ၂၀ ဝန်းကျင် ထွက်ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

တရုတ် သတင်းတွေအရ ဇူလိုင်လ ၂၉  ည ၂၄ နာရီထိ ရွှေလီ၊ ဂျယ်ဂေါင် အပါအဝင် ထပ်တိုးလူနာမရှိကြောင်း၊ လက်ရှိ ယူနန်ပြည်နယ်အတွင်း ကုသမှုခံယူနေတဲ့ ပိုးတွေ့ လူနာ ၃၆၆ ဦးရှိပြီး ပြည်တွင်း ကူးစက်မှု ၆၃ ဦး၊ ပြည်ပ ကူးစက်မှု ၃၀၃ ဦး ရှိကာ သေဆုံးသူ မရှိကြောင်း သိရပါတယ်။

Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013