
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဇူလိုင် ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်တိုင်လုပ်ပေးနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သြဂုတ်လ ၁ ရက်ကစပြီး ပြည်သူအပေါ် အနိုင်ကျင့် ရက်စက်နေတဲ့ အကြမ်းဖက်အုပ်စုရဲ့ ယန္တရားကနေ အားလုံးနုတ်ထွက်ပေးကြဖို့ ပုလဲမြို့နယ် PDF ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။
မိသားစုဝင်တွေကိုတော့ တိုက်ခိုက်မှာမဟုတ်ကြောင်၊း မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ သက်ညှာမှာမဟုတ်ဘဲ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းသွားတော့မယ်လို့ ဆိုပါတယ်။
"ပြည်သူ့အင်အားဖြင့် စစ်မိစ္ဆာအာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရမည်" လို့လည်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။