DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သုသာန်များတွင် ယနေ့ ရုပ်အလောင်း ၈၀၀ ခန့် မီးသင်္ဂြိုဟ်၊ ရေဝေးတွင် သင်္ဂြိုဟ်မီးဖိုသစ်ဆောက်
DVB
·
July 29, 2021
ရန်ကုန်သုသာန်များတွင် ယနေ့ ရုပ်အလောင်း ၈၀၀ ခန့် မီးသင်္ဂြိုဟ်၊  ရေဝေးတွင် သင်္ဂြိုဟ်မီးဖိုသစ်ဆောက်
1 / 2
Donate to DVB

ရန်ကုန်သုသာန် ၄ ခုမှာ ဇူလိုင် ၂၉ ရက်နေ့ အတွက် မီးသင်္ဂြိုဟ်ခဲ့ရတဲ့ ရုပ်အလောင်း ၈၀၀ နီးပါးရှိခဲ့တယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတသမားတွေကပြောပါတယ်။

ဇူလိုင်ရေဝေးသုသာန်မှာ  ရုပ်အလောင်း ၃၆၀ ကျော်၊ ထိန်ပင်မှာ ၃၀၀ ကျော်၊ ကျီစုမှာ ၃၀ ကျော်၊ ကျူချောင်းမှာ ၁၀၀ ဝန်းကျင် စုစုပေါင်း ရုပ်အလောင်း ၈၀၀နီးပါး မီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်ပါတယ်။

ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ၁၀၀ ဝန်းကျင်ပုံမှန်ဖြစ်နေပြီး ကျီစုသုသာန်မှာတော့ အရင်ရက်တွေကထက် မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် သိသိသာသာကျသွားတယ်လို့ ကျူချောင်း ပရဟိတသမားတစ်ဦးက ပြောပါတယ်။ 

သုသာန်တွေမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ကျသွားသလို နာရေးအတွက် အကူအညီတောင်းတဲ့သူလည်း နည်းသွားတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။

သုသာန်တွေမှာ ရုပ်အလောင်းတွေ ပိုမို မီးသင်္ဂြိုဟ်နိုင်ဖို့  မီးဖိုအသစ်တွေကို စစ်ကောင်စီက ဆက်လက်ဆောက်လုပ်နေတာတွေ့ရတယ်လို့ဆိုပါတယ်။

ရေ​ဝေးသုသာန်  ခန်းမ ၁(က) နဲ့ ၁(ခ)  နှစ်ခုအကြား၊ အ​နောက်ဘက်မှာ စစ်ကောင်စီက မီးသင်္ဂြိုဟ်အသစ်တည်ဆောက်​နေ​တာဖြစ်ပါတယ်။ လက်ရှိ မီးသင်္ဂြိုဟ်စက်ဖြစ်​တဲ့  အမှတ်(A) မီးသင်္ဂြိုဟ်စက်ရဲ့ အနောက်ဘက်မှာ ဖြစ်ပါတယ်။

ရန်ကုန်သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံးကို တပြိုင်တည်းတည်ဆောက်နေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်ကောင်စီ မီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။ 

ရေဝေးသုသာန် တစ်ခုတည်းမှာ ၅ ပေါက်တွဲ ၂တွဲပါဝင်တဲ့ မီးဖို ၅လုံးအသစ်တည်ဆောက်နေပြီး လူ ၅၀ကို ၁ နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်မယ်လို့ ဆိုပါတယ်။ ရေဝေး တစ်နေရာထဲမှာ တစ်ရက်ကို ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက ပြည်သူတွေအတွက် ကာကွယ်ကုသရေးမဆောင်ရွက်ဘဲ အခုလိုစီစဉ်တာကို ကြားသိရတဲ့အတွက် အံ့ဩစိတ်ပျက်မိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေက ဝေဖန်နေကြပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ကလည်း  ရန်ကုန်သုသာန်လေးခုမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၈၀၀ နီးပါးရှိခဲ့ပြီး သေဆုံးနှုန်း မကျသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ကုသရေးကို ဂရုစိုက်ပြီးဆောင်ရွက်ရမယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013