DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅၀ ခန့်ရှိလာ
DVB
·
July 28, 2021
ကချင်စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉        ကူးစက်ခံရသူ ၁၅၀ ခန့်ရှိလာ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသူ  ၁၄၃ ယောက်ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတာဝန်ရှိသူတွေကို ဒီဗွီဘီက လက်လှမ်းမီသလောက် ဆက်သွယ်မေးမြန်းရာမှာ ဇူလိုင် ၂၈ ရက်နေ့အထိ   စစ်ရှောင် စခန်း ၈ ခုရှိ  ပြည်သူ ၁၄၃ ယောက်မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

မြစ်ကြီးနား ရွှေစက်စစ်ရှောင်စခန်းက ၆၂ ယောက်၊ မြစ်ကြီးနား အင်ဂျန်ဒုံစစ်ရှောင်စခန်းက ၅၈ ယောက်၊ မိုင်းနား KBC စခန်းက ၁၁ ယောက်၊ မိုင်းနားလဝန်စခန်းက ၄ ယောက်၊ မြစ်ကြီးနား Belehem စခန်းက ၄ ယောက်၊  မြစ်ကြီးနားဂျန်မိုင်ကောင် စခန်းက ၂ ယောက်၊ မြစ်ကြီးနား နောင်းပုံစခန်းက ၁ ယောက်‌၊ မြစ်ကြီးနား မော်ဖောင်းလောဝေါ် စခန်းက ၁ ယောက် စစ်ဆေးတွေရှိထားတယ်လို့ သိရပါတယ်။

‌ရောဂါပိုးစစ်ဆေးတွေရှိတဲ့ သူတွေနဲ့ နီးစပ်တဲ့သူတွေကိုဆက်လက်ပြီး ရောဂါပိုးစစ်ဆေးနေတယ်လို့  စခန်းတာဝန်ခံတွေကပြောပါတယ်။

ရောဂါပိုးစစ်ဆေးတွေ့ရှိထားတဲ့ အင်ဂျန်ဒုံစစ်ရှောင်စခန်းဟာ နေရာကျဥ်းမြောင်းတာကြောင့် တခြားသူတွေကို ရောဂါကူးစက်မှုထပ်မံ မဖြစ်ပွားစေဖို့ ဆောင်ရွက်ရာမှာလည်း အခက်အခဲဖြစ်နေတဲ့ တယ်လိုသိရပါတယ်။

“ကျနော်တို့လည်း ဒီမှာ ပိုးတွေ့လူနာနဲ့ ခွဲလိုက်ဖို့လုပ်တယ်၊ ဒါပေမဲ့ နေရာက အဆင်မပြေတော့ ကိုယ့်အိမ် ကိုယ့်အခန်းမှာနေပြီး သတိနဲ့နေဖို့ ဆိုပြီးပဲ လုပ်လိုက်ပြီ”လို့ အင်ဂျန်ဒုံစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ 

ပိုးတွေ့လူနာတွေကို နီးစပ်ရာ ဆေးရုံးတွေထံ ပိုဆောင်ကုသပေးတဲ့ စခန်းတွေရှိသလို ဆေးရုံမပို့ဘဲ စစ်ရှောင်စခန်းထဲ သီးသန့်ထားကာ အသွားအလာကန့်သတ်ထားတာရှိတယ်လို့လည်း သိရပါတယ်။

ပိုးတွေလူနာ အများဆုံးဖြစ်တဲ့ ရွှေစက် စစ်ရှောင်စခန်းတာဝန်ခံက ''ရောဂါရှိမရှိတော့ လာစစ်ပေးတယ်။ ဆေးတွေတော့ ပေးမသွားဘူး။ ပါရာတွေပဲတိုက်နေရတာ။ ဆေးဝါးတွေ၊ အားဆေးတွေလိုအပ်တယ်၊ လာရောက်ကူညီပေးကြပါ''လို့ ပြောပါတယ်။

စစ်ရှောင်စခန်းအများစုဟာ  ကိုဗစ်တတိယလိုင်းစတင်ချိန်ကစပြီး စခန်းပြင်ပသွားလာဖို့ ကန့်သတ်လိုက်တာတွေကြောင့် အပြင်ထွက်ပြီး နေစားလုပ်ကိုင်ဖို့ အဆင်မပြေတော့ဘဲ ဆေးဝါးနဲ့ ကိုယ်ခံအားကောင်းဖို့ အစားအသောက်တွေ ဝယ်စားဖို့အတွက် အခက်အခဲ ဖြစ်နေပါတယ်

စစ်ရှောင်စခန်းမှာနေထိုင်နေတဲ့ ပြည်သူအများစုဟာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်က စပြီး ခိုလှုံနေကြသူတွေဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်မှာ စစ်ရှောင်စခန်းစုစုပေါင်း ၃၆ ခုရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013