DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သုသာန်များတွင် ယနေ့ ရုပ်အလောင်း ၈၀၀ ခန့် မီးသင်္ဂြိုဟ်
DVB
·
July 28, 2021
ရန်ကုန်သုသာန်များတွင် ယနေ့ ရုပ်အလောင်း ၈၀၀ ခန့် မီးသင်္ဂြိုဟ်
Donate to DVB

ရန်ကုန်မြို့ရှိ သုသာန် ၄ ခုမှာ ဇူလိုင် ၂၈ ရက်နေ့အတွက်  မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်း ၈၀၀နီးပါးရှိခဲ့တယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။ 

ရေဝေးမှာ ရုပ်အလောင်း ၄၀၀ ကျော်၊ ထိန်ပင်မှာ ၂၀၀ ကျော်၊ ကျီစု မှာ ၆၀ ဝန်းကျင်၊ ကျူချောင်းမှာ ၁၁၀ ကျော် ရှိခဲ့ပါတယ်။

ရေဝေးသုသာန်ဟာ မီးသင်္ဂြိုဟ်ဖို့ ရန်ကုန်တိုင်းထဲက ၁၆ မြို့နယ်အထိ တာဝန်ယူထားရတဲ့အတွက် နေ့ချင်းပြီး မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်းနဲ့ ရေခဲတိုက်မှာ ထားတဲ့ရုပ်အလောင်းပမာဏများနေတုန်းပဲလို့  ရေဝေးမှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ဦး ကပြောပါတယ်။

ရန်ကုန်သုသာန်တွေမှာ အလောင်းတင်တဲ့ကတ်တွေ ဈေးတက်နေပြီး အရင်တုန်းက ငွေကျပ် ၅၀၀၀ တန်ကို  အခု ငွေကျပ် ၁၅၀၀၀ ကနေ  ၂၀၀၀၀ အထိပေးဝယ်နေရတယ်လို့ ထိန်ပင်သုသာန်မှာ နာရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။ 

ဇူလိုင် ၂၇ ရက် မနေ့ ကတော့  မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၈၆၀ ကျော်ရှိခဲ့တဲ့အတွက်  ဒီနေ့မှာ သေဆုံးနှုန်းအနည်းငယ်လျော့ကျသွားတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ရန်ကုန်သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံးကို တပြိုင်တည်းတည်ဆောက်တဲ့လုပ်ငန်းတွေကို စစ်ကောင်စီက စတင်ဆောင်ရွက်နေပြီလို့ ပရဟိတသမားတွေက အတည်ပြု ပါတယ်။

ရေဝေးသုသာန် တစ်ခုတည်းမှာ ၅ ပေါက်တွဲ ၂တွဲပါဝင်တဲ့ မီးဖို ၅လုံးအသစ်တည်ဆောက်နေပြီး လူ ၅၀ ကို ၁ နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်မယ်လို့ စစ်ကောင်စီကဆိုထားပါတယ်။ 

ရေဝေး ၁ နေရာထဲမှာ တစ်ရက်ကို ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက လူတွေသေဆုံးမှုနည်းအောင် ကိုဗစ်ကာကွယ်ကုသရေးမဆောင်ရွက်ဘဲ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ မီးဖိုတွေထပ်ဆောက်နေတာဟာ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး ပြည်သူအပေါ်စေတနာမရှိတာပေါ်လွင်နေတယ်လို့  ပရဟိတသမားတွေက ဝေဖန်နေကြပါတယ်။

Photo- ဘိုစိန်လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013