DVB Logo
Home
မြန်မာသတင်း
ဓနုဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူများအပါအဝင် ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်
DVB
·
July 28, 2021
ဓနုဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူများအပါအဝင် ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်
1 / 4
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ ဇူလိုင်  ၂၇ ရက်နေ့ကစတင်ပြီး  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးတဲ့ လူနာတွေအပါအဝင် တခြားသေဆုံးသူတွေကိုလည်း မြေမြှုပ်ပြီး သင်္ဂြိုဟ်နေရပါတယ်။

ဓနုဖြူမြို့က မီးသင်္ဂြိုဟ်စက်မှာ ဇူလိုင် ၂၆ ရက်နေ့က အပူလွန်ကဲပြီး ခေါင်းတိုင်ပွင့်ထွက်ခဲ့တာကြောင့် မီးရှို့မရတော့လို့ သေဆုံးသူတွေကို မြေမြုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပရဟိတအဖွဲ့ဝင် တစ်ဦးက “မနေ့ကစပြီး မြေမြှုပ်သင်္ဂြိုဟ်နေရတာ မိုးတွင်းဘက်ဆိုတော့ နည်းနည်းအခက်အခဲဖြစ်တာရှိတယ်။ အကာအကွယ်ဝတ်စုံ အပြည့်အစုံဝတ်ထားပေမဲ့ ရောဂါကူးစက်မှာကိုတော့ စိတ်ပူတယ်” လို့ ပြောပါတယ်။

ဓနုဖြူမြို့မှာရှိတဲ့ မီးသင်္ဂြိုဟ်စက် ပျက်တာကြောင့် ဇူလိုင် ၂၇ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ အလောင်း ၂၀ ကျော်ကို မြေကျင်းတူးပြီး မြှုပ်နှံပေးခဲ့ရတယ်လို့ ဒေသခံပရဟိတသမားတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မြို့တိုင်းလိုလို မီးသင်္ဂြိုဟ်စက်တွေရှိပြီး ကိုဗစ်လူနာတွေကို မီးရှို့ သင်္ဂြိုဟ်နေကြရာက  ဓနုဖြူမြို့မှာ မြေမြှုပ်သင်္ဂြိုဟ်တာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013