DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအထိ ကိုဗစ်ပိုးတွေ့သဖြင့် ရောဂါပိုးစစ်ဆေးမှု ခေတ္တရပ်နား
DVB
·
July 28, 2021
ရေဦးတွင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအထိ ကိုဗစ်ပိုးတွေ့သဖြင့် ရောဂါပိုးစစ်ဆေးမှု ခေတ္တရပ်နား
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရောဂါပိုးစစ်ဆေးမှုတွေကို ခေတ္တရပ်နားထားရပြီး မြို့ပေါ်ကရပ်ကွက်နှစ်ခုကိုလည်း စစ်ကောင်စီက Stay at home သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

မြို့နယ်ကော်မတီဝင်တစ်ဦးက “ဆေးရုံနေရာ အခက်အခဲနဲ့ ကျန်းမာရေးဝန်ထမ်း နည်းတဲ့အပြင် ကိုဗစ်ပိုးကူစက်ခံရလို့ ကုသပေးနေရတဲ့ ကျန်မာရေးဝန်ထမ်းက ၁၀ ဦးရှိသွား ပြီဆိုတော့ ကျန်းမာရေးဝန်ထမ်းလည်း မပြည့်စုံဘူး၊ နောက်ပြီးအောက်ဆီဂျင်က အကန့်အသတ်နဲ့ပဲ ရနေတော့ ကိုဗစ်စစ်ဆေးမှုတွေကို ရပ်နားထားတာ နှစ်ရက်ရှိသွားပြီ။ ဆေးရုံဆင်းလူနာ အခြေအနေပေါ်မူတည်ပြီး ပြန်စစ်ပေးမယ်လို့တော့ သိရတယ်” လို့  ပြောပါတယ်။

ရေဦးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့က ကျန်းမာရေးဝန်ထမ်း ၄ ဦး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ပြီး နောက်ထပ်စစ်ဆေးမှုမှာလည်း ပိုးတွေရှိခဲ့လို့ ဝန်ထမ်း ၁၀ ဦးအထိရှိခဲ့တာကြောင့် ကုသရေးပိုင်းမှာ အားနည်းလာ‌တာလည်း ဖြစ်ပါတယ်။

မြို့ပေါ်က အောင်ချမ်းသာရပ်ကွက်မှာ Positive လူနာ ၈၀ ရှိပြီး၊ အောင်ဆန်းရပ်ကွက်မှာ Positive လူနာ ၆၉ ဦးရှိခဲ့လို့ အဆိုပါရပ်ကွက် နှစ်ခုကို စစ်ကောင်စီက Stay at home သတ်မှတ်ထားတယ်လို့ သိရပါတယ်။

တမြို့နယ်လုံး Stay at home ကြေညာတာ မဟုတ်ပေးမဲ့ လွန်ခဲ့တဲ့ တလလောက်က အသွားအလာ အနေအထိုင် ဆင်ခြင်ခဲ့တဲ့ မြို့နေလူထုအတွက် စားဝတ်နေရေးပြေလည်ဖို့ရာ ကျေးရွာတွေကနေပြီး ‘ပိုလျှင်လှူ လိုလျှင်ယူ’ အစီအစဉ်နဲ့ ဒေသထွက်ကုန်တွေ လာရောက်လှူနေကြတာ နေ့စဉ်မပြတ်ရှိနေဆဲလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013