DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိ
DVB
·
July 28, 2021
ကေအိုင်အေထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိ
Donate to DVB

ကေအိုင်အေထိန်းချုပ်နယ်မြေဖြစ်တဲ့ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ရှောင်စခန်းတစ်ခုမှာ ပိုးတွေ့အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက်မှာ စစ်ရှောင်စခန်းကြီး ၃ ခုအပါ နေရာ ၅ ခုကို ဇူလိုင် ၂၇ ရက်မှစတင်ကာ အသွားအလာကန့်သတ်လိုက်တယ်လို့ လိုင်ဇာဌာနချုပ်နယ်မြေ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လိုင်ဇာအနီးရှိ ဂျေယန့် စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးထံမှာ ဇူလိုင် ၂၆ ရက်ညမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အဆိုပါပိုးတွေ့လူနာ သွားလာနေထိုင်ထိစပ်ခဲ့တဲ့ ဝေကြိုင် စစ်ရှောင်စခန်း အပါအ၀င် နေရာ‌ ၅ ခုကို ဇူလိုင် ၂၇ ရက်နေ့မှ ရက်အကန့်အသတ်မရှိ အသွားအလာ ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဌာနချုပ်နယ်မြေ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းတွေအနက် ဂျေယန့် စစ်ရှောင်စခန်းဟာ အကြီးဆုံးဖြစ်ပြီး စစ်ရှောင်လူဦးရေ ၈ ထောင်ကျော်လောက်နေထိုင် ကြတာဖြစ်ပါတယ်။ 

လက်ရှိစခန်းမှာ ပိုးတွေ့လူနာနဲ့ထိစပ်တဲ့ နေအိမ်တွေကို လော့ဒေါင်းပြုလုပ်ထားပြီး သက်ဆိုင်ရာက ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013