DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သုသာန်များတွင် ယနေ့ မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း ၈၆၀ ကျော်ရှိ
DVB
·
July 27, 2021
ရန်ကုန် သုသာန်များတွင် ယနေ့ မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း ၈၆၀ ကျော်ရှိ
Donate to DVB

ရန်ကုန်မြို့ရှိ သုသာန် ၄ ခုမှာ ဇူလိုင် ၂၇ ရက်နေ့က  မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်း ၈၆၀ ကျော်ရှိတယ်လို့  နာရေးအကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။ 

ဒီနေ့ ရေဝေးမှာ ရုပ်အလောင်း ၅၀၀ နီးပါး၊ ထိန်ပင်မှာ ၂၀၀ ကျော်၊ ကျီစုမှာ ၆၀ ကျော်၊ ကျူချောင်းမှာ ရုပ်အလောင်း ၁၀၀ နီးပါး စုစုပေါင်း ရုပ်အလောင်း ၈၆၀ ကျော်ရှိတာဖြစ်ပါတယ်။

ရန်ကုန်သုသာန်လေးခုမှာ မီးသင်္ဂြိုဟ်ရမယ့်ရုပ်အလောင်းတွေကို စစ်ကောင်စီက မြို့နယ်အလိုက်ခွဲတမ်းချထားဖြစ်ပါတယ်။

သုသာန်တစ်ခုချင်းစီမှာ မီးသင်္ဂြိုဟ်ရတဲ့အရေအတွက်ကို ကြည့်ရုံနဲ့ အချက်အလက်မှန်မရဘဲ သတင်းဖုံးကွယ်နိုင်အောင် စစ်ကောင်စီကမြို့နယ်ခွဲတမ်းကို လွဲပြောင်း ကစားတာမျိုးရှိနေတယ်လို့ ကျူချောင်းသုသာန်မှာ နာရေးကူညီပေနေတဲ့  ပရဟိတသမားတစ်ယောက်က ပြောပါတယ်။  

ဇူလိုင် ၂၇ ရက်နေ့မှာ ကျီစုသုသာန်ခွဲတမ်း မြို့နယ် ၂ ခုကို ရေဝေးခွဲတမ်းထဲ လွှဲပြောင်းလိုက်တဲ့အတွက် ရေဝေးမှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းများသွားပြီး ကျီစုမှာတော့ အရေအတွက်နည်းသွားတယ်လို့ လည်း ပြောပါတယ်။ 

မနေ့ ဇူလိုင် ၂၆ရက်နေ့ကတော့  ရန်ကုန်သုသာန် ၄ ခုမှာ မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့ပြီး သေဆုံးနှုန်း ၂ ရက်ဆက်ကျဆင်းခဲ့ပေမယ့် ဇူလိုင် ၂၇ ရက်နေ့မှာ အရေအတွက်ပြန်များလာတာပါ။ ရောဂါ ကူးစက်နှုန်းများပေမယ့် ရန်ကုန်မြို့ခံတွေဟာ ပုံမှန်အတိုင်းသွားလာနေတုန်း ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုကို  ကာကွယ်ကုသမှုစနစ်တကျမလုပ်ရင် သေဆုံးနှုန်းက မြင့်နေဦးမှာဖြစ်သလို ကိုဗစ်ရောဂါထိန်းချုပ်ရေးကို စနစ်တကျဖော်ဆောင်ဖို့လိုပြီး ပြည်သူတွေမပေါ့ဆကြဖို့လိုတယ်လို့ ကိုဗစ်အရေး အကူအညီပေးနေသူတစ်ယောက်က ပြောပါတယ်။ 

ရန်ကုန်မြို့က လူနေအိမ်တွေမှာ ကိုဗစ်ကူးစက်ခံနေရသူတွေ၊ ဆေးရုံးတက်ပြီးကုသခံနေရသူတွေ၊ အောက်စီဂျင်လိုအပ်လို့ ဆက်သွယ်သူတွေအများကြီးရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ဇူလိုင် ၂၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကျန်းမာရေးဌာနက နေ့စဉ်ထုတ်ပြန်တဲ့ ကိုဗစ်ပိုးကူးစက်မှုနဲ့ သေဆုံးနှုန်းထက် မြေပြင်မှာ ကူးစက်သေဆုံးနှုန်းများနေတုန်းပဲဖြစ်တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။ 

Photo- ဘိုစိန်လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013