DVB Logo
Home
မြန်မာသတင်း
ဘားအံ CDM ကျန်းမာရေးဝန်ထမ်းများ ရှိနေသည့်နေရာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် စုံစမ်းနေ
DVB
·
July 27, 2021
ဘားအံ CDM ကျန်းမာရေးဝန်ထမ်းများ ရှိနေသည့်နေရာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် စုံစမ်းနေ
Donate to DVB

ဘားအံခရိုင်ထဲက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိတဲ့နေရာကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တဆင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဘားအံခရိုင်တွေထဲက မြို့နယ်တွေအလိုက် ပူးတွဲပါ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အမည်စာရင်းနဲ့တကွ ညွှန်ကြားချက်ပေးပို့ထားပြီး သက်ဆိုင်ရာ နေရပ်လိပ်စာတွေမှာ ရှိမရှိ၊ ဒါမှမဟုတ် ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာတွေကို စိစစ်ပြီး အမြန်ဆုံးတင်ပြပေးဖို့ တောင်းဆိုထားတာပါ။

ကရင်ပြည်နယ် ဘားအံမြို့ပြည်သူ့ဆေးရုံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတဲ့အတွက် ကုသရေးဆရာဝန် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က စတင်ပြီး  ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာပြီး နေရာလုံလောက်မှုမရှိတဲ့အတွက်  ဘားအံတိုင်းရင်းဆေးရုံကြီး ဆေးကုသဆောင်မှာ ပြောင်းရွှေ့ဆေးကုသခံယူနေရတဲ့ လူနာတွေလည်း ရှိနေပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ ခုထက်ပိုများပြားလာရင်တော့ နေရာအခက်အခဲအပြင် ဆေးဝါးနဲ့ အောက်စီဂျင် မလုံလောက်မှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး အာဏာသိမ်းစစ်တပ်ဟာ  ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ဆရာ ဝန်တွေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျန်းမာရေးဌာနတွေကို ဝင် ရောက်စီးနင်းပြီး လူနာတင်ယာဉ်တွေကို မီးရှို့ဖျက်ဆီးပြီးတော့ ဆေးကုသပေးသူတွေကို ဖမ်းဆီးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမှာတော့ ပြည်သူတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေတယ် လို့လည်း CDM လှုပ်ရှားမှုကိုထောက်ခံတဲ့ ဆရာဝန်တွေက ဝေဖန်နေကြပါတယ်။

ရောဂါကူးစက်မှု မြင့်တက်နေပေမယ့် စစ်ကောင်စီက တာဝန်ယူဖြေရှင်းမှု မရှိတဲ့ အခြေအနေဟာလည်း NLD အစိုးရလက်ထက်က ပေးခဲ့တဲ့ ဝန်ဆောင်မှုတွေနဲ့ နှိုင်းယှဉ်ရင် အများပြည်သူ မြင်သာတဲ့ကိစ္စ ဖြစ်တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013