DVB Logo
Home
မြန်မာသတင်း
ရွှေလီမြို့ကို လော့ဒေါင်းပြန်ဖွင့်ပြီး Stay at Home သတ်မှတ်
DVB
·
July 25, 2021
ရွှေလီမြို့ကို လော့ဒေါင်းပြန်ဖွင့်ပြီး Stay at Home သတ်မှတ်
Donate to DVB

တရုတ် - မြန်မာနယ်စပ်၊ တယ်ဟုန်ခရိုင်ရွှေလီမြို့ကို  ဇူလိုင်လ ၂၅ ရက် ဒီနေ့  တရုတ် စံတော်ချိန် နေ့လည် ၁၂ နာရီ၊ မြန်မာ စံတော်ချိန် မနက် ၁၀ နာရီ ခွဲကလော့ဒေါင်း ပြန်ဖွင့်ပြီး Stay at Home အဖြစ် သတ်မှတ်ဖြေလျှော့လိုက်ကြောင်း တရုတ်သတင်းတွေအရ သိရပါတယ်။

"ဒီနေ့ တရုတ်နာရီ ၁၂ နာရီလောက်က လော့ဒေါင်း ဖွင့်ပေးတာပါ။ ယူနန်ပြည်နယ် တစ်ခုလုံးမဟုတ်ဘူး။ တယ်ဟုန် ခရိုင်မှာတောင် တချို့နေရာတွေ မဖွင့်သေးဘူး။" လို့ ရွှေလီမြို့နေ မြန်မာ လူငယ်တစ်ဦးက ပြောပါတယ်။ 

ကျယ်ခေါင် ကော်မိန့် ဧရိယာ၊ မောက်ရှန်ဧရိယာ၊ တုန်းနန့်ယားဧရိယာ၊ လုံဟန်ရွာ ရပ်ကွက် (၂)၊ ကျင်းခန်းရွာ၊ ဝမ်တိန်၊ လုံတောက်၊ ကျဲရှန်း စတဲ့နေရာတွေက Stay at Home အဖြစ် ဆက်လက်ပြီး နေထိုင်ရမှာဖြစ်ပါတယ်။

Stay at Home ကာလမှာ စားသောက်ဆိုင်တွေအနေနဲ့  ပါဆယ်စနစ်နဲ့ ရောင်းချရမှာဖြစ်ပြီး KTV ၊ အနှိပ်ခန်း၊ ကျောက်ဝိုင်း၊ ကုန်သွယ်ရေး ဈေးကွက်၊ ရုပ်ရှင်ရုံ၊ အင်တာနက်ကဖေး၊ အရက်ဘား၊ အားကစားရုံတွေနဲ့ တခြားစက်မှုလုပ်ငန်းတွေ ဖွင့်ခွင့် မပြုသေးကြောင်း ရွှေလီရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြန်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနဲ့တော့ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ပြီး ၄၈ နာရီအတွင်း ပြန်ရမှာဖြစ်ပြီး နှစ်နိုင်ငံ တရားဝင် ဂိတ်ပေါက်ကနေ ပေးထွက်ဖို့ အခြေအနေမရှိဘူးလို့ သူက ရှင်းပြပါတယ်။

ရွှေလီမြို့ကို ဇူလိုင်လ ၇ ရက်နေ့က စတင်ကာ Lockdown ချခဲ့တာဖြစ်ပြီး တယ်ဟုန်ခရိုင်မှာ မြန်မာနိုင်ငံသား ၅၀ ဝန်းကျင် ပိုးတွေ့ရှိခဲ့ကာ ပျောက်ကင်းသက်သာလို့ ဆေးရုံဆင်းခွင့်ရသူတွေလည်းရှိတယ်လို့  မြန်မာလုပ်သားတွေက ပြောပါတယ်။

နေထိုင်ခွင့် အထောက်အထား မပြည့်စုံတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ချမှတ်မယ်လို့  ဇူလိုင်လ ၂၁ ရက်နေ့က ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရွှေလီမြို့  နိုင်ငံခြားသား အကူအညီ ပေးရေးနှင့် စီမံခန့်ခွဲရေးစင်တာက အသိပေးကြေညာထားပါတယ်။

Photo-ရွှေလီရောက် မြန်မာများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013