DVB Logo
Home
မြန်မာသတင်း
ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးတော့မည်ဟု NUG အစိုးရပြော
DVB
·
July 25, 2021
ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးတော့မည်ဟု NUG အစိုးရပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကို မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မယ်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက  ဇူလိုင် ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ 

အခုလထဲမှာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ဖို့ နည်းလမ်း ၂ သွယ်နဲ့ ထိုးပေးမှာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားတဲ့စာရင်းအရ ၆ သန်းရရှိဖို့ရှိပါတယ်။ 

ပထမနည်းလမ်းက ရလာတဲ့ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အစည်းတွေက ပြည်သူတွေကို ထိုးနှံပေးသွားမယ်လို့ ပညာရေးကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုပါတယ်။ 

အခုရလာမယ့် ကာကွယ်ဆေးတွေနဲ့ ဆေးအမျိုးအစားတွေကတော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ထားတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒါ့ပေမယ့် မြေပြင်အခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်သုသာန်တွေမှာ နေ့စဉ် ရုပ်အလောင်း ၁၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013