DVB Logo
Home
မြန်မာသတင်း
ကုန်စည်ဒိုင်နှင့် ပွဲရုံများပိတ်ထားရသဖြင့် သီးနှံအရောင်းအဝယ်လုပ်ငန်းများ ရပ်ဆိုင်းလုဖြစ်နေ
DVB
·
July 25, 2021
ကုန်စည်ဒိုင်နှင့် ပွဲရုံများပိတ်ထားရသဖြင့် သီးနှံအရောင်းအဝယ်လုပ်ငန်းများ ရပ်ဆိုင်းလုဖြစ်နေ
Donate to DVB

ကူးစက်မှု ပြင်းထန်နေတဲ့ ကိုဗစ်တတိယလှိုင်းကာလ  ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံတဝန်း အမြို့မြို့ အနယ်နယ်က ကုန်စည်ဒိုင်တွေနဲ့ ပွဲရုံလုပ်ငန်းတွေကိုပါ ပိတ်ထားရတဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

မြန်မာပြည်တွင် အဓိကကုန်သွယ်ရာနေရာတစ်ခုဖြစ်တဲ့  ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည် ဒိုင်အပါအဝင် ကုန်စည်ဒိုင်အားလုံး ယာယီပိတ်ထားရတာဖြစ်ပြီးတော့ ပွဲရုံလုပ်ငန်းတွေအားလုံးပါ ရပ်ဆိုင်းထားရတဲ့ အခြေအနေမှာဖြစ်ပေါ်နေတယ်လို့  ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လုံးဝရပ်ဆိုင်းသလောက်ရှိတယ်။ နယ်ပွဲရုံအားလုံးကလည်း ပိတ်တယ်၊ တောင်သူတိုက်ရိုက် နယ်ထိ ဆင်းဝယ်ရအောင်လည်း နယ်တွေမှာလည်း ရောဂါကာကွယ်တာတွေ လုပ်နေတော့ အဝင်မခံကြဘူးလေ။ အဲဒီလိုမျိုးတွေရှိတော့ ပြည်တွင်းမှာ  အရောင်းအဝယ်မဖြစ်ကြတာ နှစ်ပတ်ကျော်လောက် ရှိပြီ။”

ဖုန်းနဲ့ အရောင်းအဝယ်ပြုလုပ်တာတွေ အနည်းငယ်ရှိပေမဲ့ ကုန်စည်ဒိုင်တွေမှာ စျေးမဖွင့်ကြပါဘူး။ ရောင်းသူ၊ ဝယ်သူတိုက်ရိုက်ထိတွေ့ရောင်းချမူ မျိုးမဟုတ်ဘဲ ခန့်မှန်းစျေးနဲ့ အရောင်းအဝယ်ပြုလုပ်ရတာဖြစ်လို့ ရောင်းဝယ်ရခက်ခဲတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

“ဖုန်းနဲ့ရောင်းဝယ်ဖို့ဆိုတာကမလွယ်ဘူး။  ဝယ်နေကြ၊ ရောင်းနေကြဆိုရင်သာအဆင်ပြေမှာ၊ ပဲအရည်အသွေး၊ စျေးနှုန်းကို ကြည့်ပြီး ရောင်းသူ၊ ဝယ်သူ တိုက်ရိုက် ရောင်းချတာမဟုတ်ရင်  ဖုန်းနဲ့အရောင်းအဝယ်လုပ်ဖို့ မလွယ်ဘူး။ ယုံကြည်မှုလိုတယ်” မုံရွာမြို့ခံကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန် ဖြစ်ပွားမှုများကြောင့် ပြည်တွင်း စိုက်ပျိုးသီးနှံ အရောင်း အဝယ်တွေ ရပ်ဆိုင်းသလောက်ဖြစ်နေသလို၊ တရုတ်နယ်စပ်ဝင်ပေါက်တွေကို တရုတ်အစိုးရက အဝင်မခံဘဲ ပိတ်ထားပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံကို အဓိကတင်ပို့တဲ့ သီးနှံတွေ ဖြစ်တဲ့ ပဲတီစိမ်း၊ နှမ်း ၊ မြေပဲတို့ ဝယ်လို အားနည်းပြီး စျေးကွက်ကျဆင်းနေတယ်လို့ သိရပါတယ်။

အိန္ဒိယပို့ကုန်ပဲတွေဖြစ်တဲ့ ပဲစင်းငုံနဲ့ မတ်ပဲသီးနှံတွေကတော့ သူနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းစျေးကွက်မှာလည်း  စျေးအတက်ဘက်မှာရှိနေပါတယ်။ ဒါပေမဲ့ ကိုဗစ် တတိယလှိုင်းကြောင့် ပြည်တွင်းအရောင်းအဝယ်တွေ ရပ်ဆိုင်းထားရသလောက်ဖြစ်နေတာမို့ တောင်သူတွေ သီးနှံရောင်းချရာမှာ  အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013