DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားလိုင်းအချို့ ဩဂုတ် ၁ ရက်နေ့ထိ ယာယီရပ်နား
DVB
·
July 24, 2021
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချို့ကို  ကိုဗစ်-၁၉ ကပ် ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် လာမယ့် ဩဂုတ် ၁ ရက်နေ့ထိ ထပ်မံပြီးတော့ ယာယီ ရပ်နားထားမယ်လို့ သိရပါတယ်။

ရပ်နားထားမယ့် ယာဉ်လိုင်းတွေထဲမှာတော့ Omni Focus ကနေ ပြေးဆွဲပေးနေတဲ့  ၂၀၊ ၅၆၊ ၈၂၊ ၈၃၊ ၉၈ နဲ့ ၉၉ ယာဉ်လိုင်းတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်တုန်းကလည်း လူထုမိတ်ဆွေအကျိုးပြုယာဉ်လိုင်းက ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတွေအပါအဝင် ယာဉ်လိုင်း ၁၁ ခုကို ၉ ရက်ကြာ ရပ်နားထား ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၅၈,၈၇၀ ယောက်နဲ့ သေဆုံးသူ ၆,၄၅၉ ယောက် ရှိလာခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေ့စဉ်ရက်ဆက်ဆိုသလို ရောဂါကူးစက်ခံရပြီး သေဆုံးရတာတွေ၊ လိုအပ်တဲ့ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေ၊ ဆေးရုံနဲ့ ဆေးကုသရေးစင်တာတွေ လို အပ်ချက်တွေလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီက ရောဂါကူးစက်မှုတွေ မြင့် တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ် ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့ အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို လာမယ့် ဩဂုတ် ၁ ရက်နေ့အထိ တဆက် တည်းပိတ်ရက်အဖြစ်  ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013