DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် ၆၄ ဦး ကိုဗစ်ပိုးတွေ့၊ ပြည်သူ့ဆေးရုံကြီး ယာယီပိတ်မည်
DVB
·
July 24, 2021
ရေဦးတွင် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် ၆၄ ဦး ကိုဗစ်ပိုးတွေ့၊ ပြည်သူ့ဆေးရုံကြီး ယာယီပိတ်မည်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းက နှစ်ပတ်တခါပုံမှန်စစ်ဆေးနေကျ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် လူပေါင်း ၁၃၀ ကို ကိုဗစ်စစ်ဆေးပေးရာ ၆၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။

အဆိုပါ ကိုဗစ်ပိုးတွေ့သူ ၆၄ ဦးထဲမှာ ကျန်းမာရေးဝန်ထမ်း  ၄ ဦးနဲ့ ဝန်ထမ်းမိသားစု  ၄  ဦး ပါဝင်နေလို့ ပြည်သူ့ဆေးရုံကြီးကို ယာယီပိတ်ထားမယ်လို့ သိရပါတယ်။

ပြည်သူ့ဆေးရုံတာဝန်ရှိသူတဦးက “တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ပိုးကူးစက်ခံရတဲ့အတွက် လာမယ့် တနင်္လာနေ့ကစပြီး ရေဦးမြို့ ခုတင် ၁၀၀ ဆေးရုံကြီး ပြင်ပလူနာဌာနရော၊ အရေးပေါ်ဌာနရော ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာတွေကိုပဲ အထူးဂရုစိုက်ကုသပေးသွားမယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းစတင်ဖြစ်ပွားချိန် ဇွန်လ လယ်ကစပြီး ဇူလိုင်လ ၂၃ ရက်နေ့အထိ ပိုးတွေ့လူနာပေါင်း ၃၁၇ ဦးအနက် ရောဂါသက်သာပျောက်ကင်းဦး ၁၆၂ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013