DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ်ခန့်အပ်
DVB
·
July 23, 2021
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ်ခန့်အပ်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဒန်ချပ်ဂ်ဟာ နောက်ထပ် တခြားသော သံတမန်ရေးရာ ကိစ္စရပ်တွေကို ထမ်းဆောင်ဖို့ ပြောင်းရွှေ့တော့မှာဖြစ်ပြီး သူ့နေရာမှာ တာ၀န်ဆက်လက်ထမ်းဆောင်ဖို့အတွက် မစ္စတာ ပီတာဗောင်းလ်စ်ကို တာဝန်ပေးအပ် လိုက်တယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ပါတယ်။

မစ္စတာ ပီတာဗောင်းလ်စ်ဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်းမှာ  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

မစ္စတာ ပီတာဗောင်းလ်စ်ဟာ ၂၀၁၈ ခုနှစ်ကစတင်ကာ လက်ရှိအချိန်ထိ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID)ရဲ့ အာရှ၊ ကာရစ်ဘီယံနဲ့ ပင်လယ်ရပ်ခြား ဒေသများဆိုင်ရာ ဒါရိုက်တာရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit- UK.GOV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013