DVB Logo
Home
မြန်မာသတင်း
အချုပ်ခန်းတွင်းကျဆုံးခဲ့သူ မင်းကင်းစည်ပင်ဥက္ကဋ္ဌဟောင်း အပါအဝင် ကျဆုံးပြည်သူ ၉၃၁ ဦး ရှိလာ
DVB
·
July 23, 2021
အချုပ်ခန်းတွင်းကျဆုံးခဲ့သူ မင်းကင်းစည်ပင်ဥက္ကဋ္ဌဟောင်း အပါအဝင် ကျဆုံးပြည်သူ ၉၃၁ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ အာဏာသိမ်း စစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက ဖမ်းဆီးတရားစွဲဆို ခံခဲ့ရတဲ့ စစ် ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဒေါ် ခင်မာရီ(ခ)ဖွားချိုဟာ ဆီးချိုရောဂါအခံရှိသူဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ထားစဉ်အတွင်း ဆေးရုံတက်ရောက်ဆေးကုသခွင့်မပြုတာကြောင့် မင်းကင်းအချုပ်ခန်းအတွင်း ဆီးချိုတက်ပြီး နှလုံးရပ်ကာ ဇူလိုင် ၂၁ ရက်က ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

တရက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အ ကြမ်းဖက်စစ်အုပ်စုတပ်တွေ စီးနင်းဝင်ရောက်ခဲ့ပြီး ကြောက်လန့်ထွက်ပြေးတဲ့ ဒေသခံ ရွာသား ဦးသိန်းတင့်ခေါ် ဂျစ်လိပ်ကို ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနဲ့  သမီး ၂ ယောက်ဖြစ်တဲ့ သတင်းထောက် နန်းခင်ဘုန်း သွယ်၊ သတင်းထောက် မဆုမြတ်နိုးတို့ကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၂၀ ရက်နေ့ ညအချိန်က တောင်ကြီးမြို့နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013