DVB Logo
Home
မြန်မာသတင်း
ရေဝေးသုသာန်တွင် ဇူလိုင် ၂၂ ရက်နေ့ တရက်တည်း ရုပ်အလောင်း ၅၀၀ နီးပါး သင်္ဂြိုဟ်ပေးခဲ့ရ
DVB
·
July 23, 2021
ရေဝေးသုသာန်တွင် ဇူလိုင် ၂၂ ရက်နေ့ တရက်တည်း ရုပ်အလောင်း ၅၀၀ နီးပါး သင်္ဂြိုဟ်ပေးခဲ့ရ
Donate to DVB

ဇူလိုင် ၂၂ ရက်နေ့ တရက်တည်း ရန်ကုန်၊ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ရုပ်အလောင်း ၅၀၀ နီးပါးရှိလာတယ်လို့ အကူအညီပေးနေတဲ့အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်အထိ ရန်ကုန်၊ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၄၀၀ ကျော်ရှိခဲ့ပြီး ညပိုင်းအထိဆိုရင် ၅၀၀ နီးပါးရှိနေတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ရုပ်အလောင်းတွေများလွန်းတဲ့အတွက် ပရဟိတအသင်းတွေဟာ ရုပ်အလောင်းတွေကို နေ့ချင်းပြီးမသင်္ဂြိုဟ်နိုင်ပါက ရေခဲတိုက်မှာထားနိုင်ဖို့အတွက် ကြိုးစားနေရတယ်လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ရေဝေးနဲ့ထိန်ပင်သုဿန်တွေဟာ တစ်ရက်ကို အများဆုံး ရုပ်အလောင်းတစ်ရာလောက်အထိပဲ သင်္ဂြိုဟ်နိုင်အောင်ပြင်ဆင်ထားတဲ့ နေရာတွေဖြစ်တဲ့အတွက် အခြေအနေတွေဟာ မနိုင်မနင်းဖြစ်နေပါတယ်။ 

ဇူလိုင် ၂၀ ရက်နေ့က ထိန်ပင်ကတာဝန်ယူ မီးသင်္ဂြိုဟ်ရမယ့် မြို့နယ်တစ်ခုကို ရေဝေးကတာဝန်ယူ မီးသဂြိုဟ်ရမယ့် မြို့နယ်စာရင်းထဲ လွှဲပြောင်းခဲ့တဲ့အတွက် ရေဝေးမှာ မီးသဂြိုဟ်ရတဲ့ ရုပ်အလောင်းတွေ အဆမတန်များလာတာလို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့က ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင်းသုဿန်လေးခုမှာ တစ်ရက်ကို ရုပ်အလောင်းစုစုပေါင်း ၆၀၀ ကျော် ၇၀၀ နီးပါးသင်္ဂြိုဟ်ခဲ့ရပါတယ်။ 

ဇူလိုင် ၂၀ ရက်နေ့မှာတော့ သုသာန်လေးခုမှာ ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး သင်္ဂြိုဟ်ပေးခဲ့ရပြီး ကိုဗစ်ကြောင့် အောက်ဆီဂျင်မရဘဲ သေဆုံးသူအရေအတွက်ဟာ အဆမတန်များပြားလာပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့မှာလည်း မီး သင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက်နှုန်းထားကျမသွားဘဲ သုသာန်လေးခုပေါင်းရင် စုစုပေါင်း ရုပ်အလောင်း ၁၃၀၀ နီးပါးရှိနေတယ်လို့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ 

စစ်ကောင်စီက ထုတ်ပြန်တဲ့ ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းစာရင်းတွေထက် မြေပြင်မှာ ကူးစက်သေဆုံးနှုန်း ပိုများနေတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013