DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းရှိ အချုပ်ထောင်များမှ အချုပ်သား ၉၀၀ ခန့် လွတ်မြောက်
DVB
·
July 22, 2021
မန္တလေးတိုင်းရှိ အချုပ်ထောင်များမှ အချုပ်သား  ၉၀၀ ခန့် လွတ်မြောက်
Donate to DVB

မန္တလေးတိုင်းအတွင်းရှိ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) မိတ္ထီလာ၊ ရမည်းသင်း ၊ ညောင်ဦး ၊  မြင်းခြံစတဲ့ အကျဉ်းထောင်တွေကနေ အချုပ်သား အချုပ်သူ ၈၉၇ ဦး ပြန်လည် လွတ်မြောက် လာပါတယ်။

တရားရုံးတွေမှာ စွဲဆိုထားတဲ့ပြစ်မှုတွေအတွက် ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရုံးမထုတ်နိုင်တာကြောင့် ချုပ်ရက်ကြာပြီး တချို့ပြစ်မှုတွေနဲ့ စွဲဆိုခံရတဲ့သူတွေအတွက် သက်ညှာတယ်ဆိုပြီး စစ်ကောင်စီက  အချုပ်သားတွေကို ပြန်လွှတ်ပေးမယ်လို့ ကြေညာထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက် မတိုင်မီ လက်ခံချုပ်နှောင်ထားတဲ့ အချုပ်သား အချုပ်သူတွေထဲက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ /၃၈၀ နဲ့ ၃၇၉ /ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊၃၈၀/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ သစ်တောဥပဒေပါ ပုဒ်မ ၄၂/၄၃ တို့မှ အပ ၊ လောင်းကစားဥပဒေ၊ ယစ်မျိုးဥပဒေ၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ၊  မူးယစ်ဥပဒေမှ သတ်မှတ်ထားသော ပုဒ်မများ၊ လက်နက်ဥပဒေ ၁၉(င)၊ ပြည့်တန်ဆာဥပဒေ၊ ရဲအက် ၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယို ဥပဒေ စတာတွေနဲ့ ချုပ်နှောင်ထားသူတွေကို ပြန်လွှတ်ပေးလိုက် တာဖြစ်ပါတယ်။

မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ လွတ်မယ့်သူတွေကို ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်  ၁၁ နာရီက အကျဉ်းထောင်ဓမ္မာရုံမှာ  ထောင်အာဏာပိုင်းတွေက ဆုံးမစကား ပြောကြားခဲ့ကြပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ /၃၈၀ နဲ့ ၃၇၉/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊၃၈၀/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တို့နဲ့ စွဲဆိုခံရသူ အမျိုးသား ၂၀၉ ဦး၊ အမျိုးသမီး ၁၄ ဦး၊ သစ်တော ဥပဒေ နဲ့ စွဲဆိုခံရသူ အမျိုးသား ၁ ဦး၊ လောင်းကစား ဥပဒေနဲ့ စွဲဆိုခံရသူ အမျိုးသား (၁၀) ဦး အမျိုးသမီး (၃) ဦး၊ ခြေချုပ်ခံဝန် နဲ့ အမျိုးသား (၁) ဦး၊ မူးယစ်ပုဒ်မ (၁၆) နဲ့  အမျိုးသား (၁၄၅) ဦး အမျိုးသမီး (၁၉) ဦးကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် မူးယစ်ပုဒ်မ (၁၉) ဦး နဲ့ အမျိုးသား (၃၃၁) ဦး၊ အမျိုးသမီး (၆၁) ဦး၊ လက်နက်မှု ၁၉(င) နဲ့ အမျိုးသား (၉) ဦး၊ ပြည်တန်ဆာမှု အမျိုးသမီး (၁) ဦး၊ ရဲအက်နဲ့ အမျိုးသား (၂)ဦး ၊ အမျိုးသမီး (၁) ဦး စုစုပေါင်းအိုးဘိုး​ထောင်ကနေ အမျိုးသား (၇၀၈) ဦး အမျိုးသမီး (၉၉) ဦးပြန်လည်လွတ်မြောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013