DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် မြို့နယ် ၇ ခုလုံး Stay at Home သတ်မှတ်မည်
DVB
·
July 22, 2021
ကရင်ပြည်နယ် မြို့နယ် ၇ ခုလုံး Stay at Home သတ်မှတ်မည်
Donate to DVB

ကရင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်လုံးကို Stay At Home  သတ်မှတ်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်နယ်အတွင်း မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူများပြားလာတဲ့အတွက် ရောဂါထိန်းချုပ်ကုသနိုင်ဖို့ မြို့နယ် ၇ မြို့နယ်လုံးကို Stay at Home သတ်မှတ်ဖို့ စီစဥ်ဆောင်ရွက်နေတာပါ။

ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က "ထိန်းချုပ်မှုတွေ လုပ်နေတယ်။ Home Stay လုပ်နေတာ။ လုံးဝအပြင်မှာ မမြင်ချင်ဘူးဆိုတဲ့မူကို လုပ်ခိုင်းထားတာရှိတယ်။ ကူးစက်မှုက အရမ်းမြန်တော့ (လူနာ)အရမ်းများတယ်။ ပြောရ အင်မတန်ခက်တဲ့အနေအထား "လို့ ဆိုပါတယ်။

လတ်တလော ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်တဲ့ မြဝတီမြို့ကို ဇူလိုင် ၁၃ ရက်နေ့ကစတင် Stay at Home သတ်မှတ်ခဲ့သလို  ဘားအံမြို့ကို ဇူလိုင် ၂၁ ရက်နေ့က စတင်ပြီး သတ်မှတ်ကာ အရေးပေါ်ကိစ္စရပ်နဲ့ စျေးဝယ်သွားလာခွင့် တစ်အိမ်ထောင်ကို ခွင့်ပြုလက်မှတ် ၁ စောင်ထုတ်ပေးထားပါတယ်။

ညွှန်ကြားချက်အတိုင်း လိုက်နာမှုမရှိသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဘားအံမြို့၊ မာဃလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတစ်ဦးက "ရောဂါပိုးနဲ့ သေဆုံးသူတွေက တနေ့ကို ၃ လောင်းလောက်ရှိတယ်။ ရောဂါအဖြစ်များလာတယ်။ သေအပျောက်က တိုးလာ တယ် "လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ နီးပါးနဲ့  သေဆုံးသူ ၃၀ ကျော်ရှိကာ ကူးစက်ခံထားရပြီး အတည်မပြုရသေးတဲ့လူနာတွေ ကျန်ရှိနေသေးတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013