DVB Logo
Home
မြန်မာသတင်း
အဆိုတော် တင်ဇာမော်နှင့် မိခင်ဖြစ်သူတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
July 21, 2021
အဆိုတော် တင်ဇာမော်နှင့် မိခင်ဖြစ်သူတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
Donate to DVB

နာမည်ကြီး အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ တင်ဇာမော်နဲ့ မိခင်ဖြစ်သူ တို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။

Test Kit နဲ့ ကိုယ်တိုင်စစ်ဆေးကြည့်ချိန်မှာ ကူးစက်ခံထားရကြောင်း သိလိုက်ရတာ ဖြစ်ပြီး တင်ဇာမော်ကတော့ ကူးစက်ခံထားရတာ ၃ ရက်ရှိပြီဖြစ်ကာ သူ့ရဲ့မိခင်က ရောဂါကူးစက်ခံထားရတာ ၇ ရက် ရှိပြီလို့ ဆိုပါတယ်။

မိခင်ဖြစ်သူအတွက် တတ်နိုင်သမျှ အောက်ဆီဂျင်ကူညီပေးကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း တင်ဇာမော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားထားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ 

၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူနှစ်ဦးဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ 

အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ ပြီးခဲ့တဲ့ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ သတင်းအပေါ် အနု ပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ အားပေးစကားပြော ဆုတောင်းပေးနေကြ တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013