DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေ
DVB
·
July 21, 2021
တောင်တွင်းကြီးတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေ
Donate to DVB

တောင်တွင်းကြီးမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်မှုဒဏ်ခံနေရတဲ့အပြင် ရပ်ကွက်အချို့မှာ မီတာခပေးဆောင်ဖို့ စာရွက်တွေကို အိမ်အရောက် လိုက်ပေးနေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

အိမ်ရှင်မတဦးက “ဆန်၊ ဆီ၊ ပဲခြမ်း အကုန်ပါပဲ ကုန်စျေးနှုန်းတွေက အရမ်းကိုတက်တာ။ ကြက်ဥဆို ၁၈၀၊ ၂၀၀ မကြားဘူးဘူး” လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ ကျန်းမာရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းတွေလည်း စျေးမြင့်တက်နေတဲ့အပြင် တချို့ဆေးတွေဆို ဝယ်လို့မရတော့တဲ့အထိ ဖြစ်နေကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက “Masks တစ်ဘူး ၂၈၀၀၊ ၃၀၀၀ ဗျာ။ ပါတာစီတမော့တို့လို အဖျားပြတ်ဆေးတွေ စျေးတက်တယ်။ တချို့ဆေးဆိုင်တွေဆို ပစ္စည်းပြတ်ကုန်ပြီ။ ပြည်သူတွေဆီမှာ ငွေမရှိကြတော့ဘူး။ အဓိကကတော့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေဘဝ ကမောက်ကမတွေဖြစ်ကုန်ကြရတာ'' လို့ ပြောပါတယ်။

ဘဏ်တွေမှာတန်းစီပြီး ငွေထုတ်နေရတာတွေမှာ အခက်အခဲတွေရှိသလို ငွေကြေးဆိုင်ရာ အေးဂျင့်တွေဆီက ငွေထုတ်တဲ့အခါ ဖြတ်တောက်တဲ့ပမာဏများလွန်းနေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတစ်ဦးက “Wave Money က ၁ သိန်းထုတ်ရင် ၉၀၀၀ လောက်အထိဖြတ်တယ်။ K Pay ဆိုရင်လည်း ၁ သိန်းထုတ်ရင် ၇၅ဝဝ လောက်အထိဖြတ်တယ်။ ဘဏ်တွေကျတော့လည်း တနေကုန် အလုပ်ပျက်အကိုင်ပျက်တန်းစီရတယ်။ ကိုယ့်ပိုက်ဆံ ထုတ်တာတောင် အဆင်မပြေတဲ့ ပြည်သူတွေဘဝက ကြာရင်တော့ လုံးပါးပါးဖို့ပဲ ရှိတော့တယ်။ မနေ့ကလည်း မီတာခဆောင်ဖို့စာရွက်တွေ အိမ်တွေကိုလိုက်ဝေသွားတယ်။ စားဖို့တောင်အနိုင်နိုင် ဖြစ်နေတဲ့အထဲ လက်ထဲ ငွေမရှိလို့ မဆောင်နိုင်သေးဘူးလို့ ပြောလိုက်တယ်။ ပြည်သူကို တော်တော်ဒုက္ခပေးတဲ့ စစ်တပ်ပါဗျာ” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ဇွန် ၂၂ ရက်ကနေ ဇူလိုင် ၂၀ ရက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၄၂၄ ဦးရှိပြီး ကိုဗစ်အတည်ပြုရောဂါနဲ့ သေဆုံးသူ ၆ ဦး၊ ကိုဗစ်ရောဂါသံသယနဲ့ သေဆုံးသူ ၄ ဦးရှိလာတဲ့အတွက် တောင်တွင်းကြီးမြို့ကို စစ်ကောင်စီက Stay At Home မြို့အဖြစ် ဇူလိုင် ၂၀ ရက်နေ့ မနေ့ညက သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013