DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ပရဟိတအသင်းသား ၁၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
July 20, 2021
မိုးကုတ်မြို့တွင် ပရဟိတအသင်းသား ၁၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင် ၂၀ ရက်​နေ့အထိ  ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကူညီရင်းနဲ့ လူမှုကူညီရေးအသင်းဝင်   ပရဟိတသမား  ၁၁ ဦး ကိုဗစ်-၁၉ ရာဂါ ကူးစက်ခံထားရပါတယ်။

မြတ်စေတနာလူမှုကူညီရေးအသင်းဝင်  ၄ ဦး ၊ ပါရီလူမှုကူညီရေးအသင်းဝင်  ၆ ဦးနဲ့ မိုးကုတ် Rescue အသင်းဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာဖြစ်ပြီး လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ လူအင်အားလိုအပ်နေကာ အောက်​ဆီဂျင်အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့ခံ လူမှုကူညီရေးအသင်းသား ၁ ဦးက “ကျနော်တို့ လက်ရှိမြေပြင်မှာတော့ ကူညီနေတုန်းပါပဲ။ ကျနော်တို့ အသင်းသား ဒီနေ့လည်း  နှစ်ယောက် ပိုးထိထားတော့ လူအင်အားနည်းပြီး လူအင်အားလိုအပ်နေတယ်”လို့ ပြောပါတယ်။

မိုးကုတ်မြို့က အောက်​ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အောက်ဆီဂျင်အိုးတွေကို မန္တလေး၊ တကောင်း ဘက်တွေကနေ သယ်နေရတာဖြစ်ပြီး ခရီးဝေးတာကြောင့် သယ်ယူရတဲ့နေရာတွေမှာ အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ ပိုးတွေ့လူနာများပြားလာပြီး ဇူလိုင် ၂၀ ရက်အထိ  ပိုးတွေ့လူနာ ၂၀၀ ဝန်းကျင်ရှိလာကာ  သေဆုံးသူ အယောက်  ၃​၀ နီးပါးရှိလာတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013