မကွေးတိုင်း၊ တောင်တွင်းကြီးမှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဇူလိုင် ၁၉ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။
တပ်ဖွဲ့ဝင်တဦးက ''ကျနော်တို့ PDF (ဗိဿနိုး) တပ်ဖွဲ့ဟာ ပြည်သူလူထုကို စစ်ရေးအရကူညီဖို့ အဆင်သင့်ဖြစ်နေပြီး မဟာမိတ်နိုင်ငံလုံးဆိုင်ရာမှ PDF အဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ပွဲဝင်သွားမှာပါ'' လို့ ပြောပါတယ်။
PDF (ဗိဿနိုး) တပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့အတူ အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ အတူပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။