ကယားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ နီးပါးတိုးလာ၊ ၉ ဦး သေဆုံး
DVB
·
July 20, 2021
ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၆ ဦးအထိ ရှိလာပြီး အဲဒီထဲက ၉ ဦး သေဆုံးရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနဲ့ စာရင်းတွေအရ သိရပါတယ်။
အတည်ပြုလူနာ ၁၉၆ ဦးထဲက ၁၇၇ ဦးဟာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာဖြစ်ပြီး ဖရူဆိုမြို့နယ်က ၆ ဦး၊ ဘောလခဲ့မြိုနယ်က ၁၂ ဦးနဲ့ ဖားဆောင်းမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက် ညနေ ပြည်နယ်ကျန်းမာရေးဌာနရဲ့စာရင်းအရ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ အတည်ပြုလူနာ ၁၂၆ ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၄၃ ဦး ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။