DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်ရေးဇုန် မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာက နယ်မြေများကို အဝင်၊ အထွက်ပိတ်
DVB
·
July 19, 2021
ကုန်သွယ်ရေးဇုန် မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာက နယ်မြေများကို အဝင်၊ အထွက်ပိတ်
1 / 2
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတာကြောင့် မြန်မာ-တရုတ် အဓိက ကုန်သွယ်ရေးဇုန် ရှိရာ မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာက နယ်မြေတွေကို ဇူလိုင် ၁၉ ရက်နေ့ကစ အဝင်၊ အထွက်ပိတ် Lockdown ချလိုက်ကြောင်း မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။

၁၀၅ မိုင် မိုင်းယု ကျေးရွာရှိ နယ်မြေ ၁၊၂၊ ၃၊ ၄ နဲ့ ၅ တို့ကို ဇူလိုင် ၁၉ ရက်နေ့ကစ ဇူလိုင် ၂၈ ရက်နေ့အထိ ၁၀ ရက်တိတိ ဝင်/ထွက် ခွင့်ပိတ်ပင်ထားလိုက်တယ်လို့ မူဆယ်ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဦးမျိုးမင်းသူက ‌‌ပြောပါတယ်။

အဝင်လုံးဝခွင့်ပြုမှာ မဟုတ်ဘဲ ရပ်ကွက်ထဲက ထွက်သူတွေကို ပြန်လည်ဝင်ရောက်ခွင့်လည်း မပြုဘူးလို့ သူက ပြောပါတယ်။

ကျေးရွာအတွင်းရှိ နယ်မြေအချင်းချင်း သွားလာလို့ရအောင် လမ်းသွယ်တစ်ခုသာ ခွင့်ပြုမှာဖြစ်ပြီး ဝင်/ထွက် မှုတွေကို ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရုံးဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်း​တွေလည်း​​ အကျုံးဝင်တယ်လို့ ‌နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မည်သူမဆို ဒေသန္တရစီမံမှုကို နာခံရမှာဖြစ်ပြီး ယာဉ်ရပ်နားကွင်းထဲရှိ ကားဆရာများ အချင်းချင်း ထပ်ဆင့် အသိပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အားလုံး ၁၀၀ ကျော်ရှိပြီး ပိုးတွေ့လူနာတွေထဲမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အကောက်ခွန်တို့က ဝန်ထမ်းတွေအပါအဝင် ယာဉ်မောင်း၊ အလုပ်သမားတွေနဲ့ ရပ်ကွက်တွင်းက ပြည်သူတွေ ပါပါတယ်။

မူဆယ်မြို့နယ် တခုလုံးမှာတော့ ဇွန် ၂၂ ရက်နေ့ကနေ ဇူလိုင‌ေ ၁၈ ရက်နေ့အထိ ပိုးတွေ့လူနာ ၆၀၀ ကျော်ထိရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းသူ ၂၀၀ ကျော်နဲ့ သေဆုံးသူ ၁၆ ဦး ရှိပါတယ်။

Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013