DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများကို တစညပါတီရုံး၌ ထားရန်စီစဉ်နေ
DVB
·
July 17, 2021
တောင်တွင်းကြီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများကို တစညပါတီရုံး၌ ထားရန်စီစဉ်နေ
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေကို တောင်တွင်းကြီး ပြည်သူ့ဆေးရုံနဲ့ ပရပ်ကြယ်တိုက်နယ်ဆေးရုံတွေမှာထားရှိရာက တနေ့တခြား လူနာဦးရေ များပြားလာလို့ ထပ်တိုးလူနာတွေကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ရုံးမှာထားဖို့ စစ်ကောင်စီက ဆောင်ရွက်နေတဲ့အပေါ်မှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒေသခံတဦးက “တစညပါတီရုံးက မြို့ထဲမှာဖြစ်ပြီးတော့ ရုံးရှေ့မှာလည်း ဈေးဆိုင်တွေ ရှိနေသေးတယ်။ ဘုန်းကြီးကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေကလည်း ကပ်လို့။ ရောဂါပိုးကို တမင်ဖြန့်နေသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီး တစညပါတီရုံးဟာ ကြီးမားပြီး နှစ်ထပ်အဆောက်အအုံ ဖြစ်တာကြောင့် ပါတီရန်ပုံငွေအဖြစ် အခကြေးငွေနဲ့ အိမ်ခန်းငှားရမ်းထားတာနဲ့ ရုံးရှေ့မှာလည်း အဆောက်အအုံတွေနဲ့ ဈေးဆိုင်တွေ ရောင်းချနေတာတွေရှိပါတယ်။

အခုအခါမှာ ကိုဗစ်လူနာတွေ ထားရှိမှာဖြစ်လို့ ငှားရမ်းနေထိုင်နေသူတွေ ဖယ်ရှားပေးရဖို့ရှိနေတယ်လို့  ပြောင်းရွှေ့ပေးရမယ် မိသားစုဝင်တဦးက ပြောပါတယ်။

“တောင်တွင်းကြီးမြို့က တစညပါတီရုံးကို ကိုဗစ်လူနာတွေထားဖို့ လုပ်နေကြတယ်။ အဲဒီ ပါတီရုံးမှာ ပါတီရန်ပုံငွေအတွက်ဆိုပြီး အခန်းလွတ်တွေကို အငှားထားလို့ နှစ်အကြာကြီး ငှားနေနေတဲ့ မိသားစုတွေကိုလည်း ၃ ရက်အတွင်း ပြောင်းပေးရမယ်ဆိုပြီး ပြောနေတယ်။ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်အောင်လုပ်နေသလိုပါပဲ”။

တောင်တွင်းကြီးမြို့မှာ ဇွန်လ ၂၂ ရက်မှ ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃၀ ဦးရှိပြီး ဆေးရုံဆင်းသူ ၁၀၀ နီးပါးနဲ့ သေဆုံးသူ ၂ ဦးရှိကြောင်း မြို့နယ်စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် အမှန်တယ် ဒီအရေအတွက်တွေထက် များပြားနိုင်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013