DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဆရာတော် ၁ ပါး အပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၄၀ ဦး သေဆုံး
DVB
·
July 14, 2021
မန္တလေးတွင် ဆရာတော် ၁ ပါး အပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယရှိသူ ၄၀ ဦး သေဆုံး
1 / 3
Donate to DVB

မန္တလေးမြို့မှာ ဇူလိုင် ၁၃ ရက်က ဆရာတော်တစ်ပါးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ အယောက် ၄၀ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးမှ ၁၈ ဦး၊ ကန်တော်ကြီးသံဃာဆေးရုံမှ ၁ ဦး၊ ၅၅၀ ကလေးဆေးရုံမှာ ၁ ဦး၊ အလုပ်သမားဆေးရုံမှ ၃ ဦး၊ တော်ဝင်နှင်းဆီဆေးရုံမှ ၁ ဦး၊ မြို့တော်ဆေးရုံမှ  ၁ ဦး၊ ရပ်ကွက်အတွင်းမှ ကိုဗစ်သံသယလူနာ ၃ ဦး သေဆုံးခဲ့ရာ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်သို့  ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။  

ဒါ့အပြင် ကန်တော်နဒီဆေးရုံမှာ ၂ ဦး၊ နဒီမြန်မာ Test & Care မှာ ၂ ဦး၊ ခုတင် ၅၀၀ ဆေးရုံမှာ ၁ ဦး၊ ရပ်ကွက်တွေထဲက  ကိုဗစ် သံသယနဲ့ ၇ ဦး သေဆုံးခဲ့ရာ ရင်ဘတ်တူ ညီနောင်ကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်သို့ ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ မန္တလေးမြို့မှာ ဇူလိုင် ၁၃ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့  သေဆုံးသူ အယောက်  ၄၀ အထိ စံချိန်တင်ခဲ့ပါတယ်။  မနေ့က  မန္တလေးမှာ ကိုဗစ်ကြောင့် သေဆုံးသူ အယောက်  ၇၀  အထိရှိနိုင်တယ်လို့လည်း  မန္တလေးမြို့ခံ ပရဟိတအသိုင်းအဝိုင်းက ပြောပါတယ်။  

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး  မြေပြင်မှာ သေဆုံးသူစာရင်းမှာ ပိုများနိုင်ပါတယ်။ 

သေဆုံးသူအများစုက အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးနေတာ ဖြစ်ပါတယ်။ ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာကြတဲ့ လူနာတွေ၊ အိမ်မှာပဲ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ ကိုဗစ်ရောဂါ သံသယနဲ့  သေဆုံးသူတွေလည်း များစွာ ရှိနေပါတယ်။

Photo - ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့ / ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013