DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် တရက်တည်း ကိုဗစ်လူနာ ၉ ဦးနှင့် သံသယလူနာ ၃ ဦး သေဆုံး
DVB
·
July 14, 2021
ပြည်မြို့တွင် တရက်တည်း ကိုဗစ်လူနာ ၉ ဦးနှင့် သံသယလူနာ ၃ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၁၃ ရက် တရက်တည်း ကိုဗစ်-၁၉ လူနာ ၉ ဦးနဲ့ သံသယလူနာ ၃ ဦး စုစုပေါင်း ၁၂ ဦး စံချိန်တင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆေးရုံမှာ သေဆုံးသူ ၁၀ ဦးမှာ ၉ ဦးက Positive လူနာတွေဖြစ်ပြီး ကျန်တဦးနဲ့ နေအိမ်တွေမှာ သေဆုံးခဲ့သူ ၂ ဦးမှာ ရောဂါရှိမရှိ အတည်မပြုနိုင်သေးပေမယ့် ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ သေဆုံးခဲ့တာကြောင့် ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေအတိုင်း မီသင်္ဂြိုဟ်ပေးခဲ့ရ‌တယ်လို့ ပရဟိတအဖွဲ့ဝင်ဒေသခံတဦးက ပြောပါတယ်။

“ပြည်မှာတော့ စံချိန်ချိုးတဲ့နေ့ပဲ၊ မနေ့မနက်က နာရေးစီစဉ်ပေးရတာ လက်မလည်ဘူး၊ ဆေးရုံကြီးမှာ အတည်ပြုလူနာက ၇ လောင်းရယ်၊ နဝင်းကွက်သစ်နဲ့ မြို့သစ်ဘက်က ၁ လောင်းရယ်၊ နောက်ဆေးရုံကြီးမှာပဲ အတည်မပြုနိုင်ပေမယ့် အဲဒီရောဂါလက္ခဏာ‌နဲ့ သေဆုံးတဲ့ ၁ လောင်းရယ်၊ ၁၀ လောင်းလောက် ချပေးခဲ့ရတယ်။”

မနေ့ ညနေပိုင်းမှာလည်း ကိုဗစ်လူနာ ၂ ဦးထပ်မံသေဆုံးခဲ့တဲ့အတွက် ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဒီနေ့မှ မီးသင်္ဂြိုဟ်ပေးမယ်လို့ ဆိုပါတယ်။

ပြည်မြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ဒီနေ့မနက်အထိ အတည်ပြုလူနာ ၄၀၀ ကျော်နဲ့ သေဆုံးသူ ၂၅ ဦးအထိ ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013