DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်ချင်း တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်ဘေးရှောင် ၇၀၀ ကျော်ထပ်မံရောက်ရှိ
DVB
·
July 13, 2021
ရှမ်းပြည်တပ်မတော်ချင်း တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်ဘေးရှောင် ၇၀၀ ကျော်ထပ်မံရောက်ရှိ
1 / 3
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ လွိုင်ဟွန်းတောင်ကြောတလျှောက်မှာ ပြီးခဲ့တဲ့ အပတ်က ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP  တို့အကြား တိုက်ပွဲဖြစ်လို့ ဒေသခံရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပါတယ်။

လွိုင်ဟွန်းတောင်ကြောအရှေ့ဘက် ကျေးသီးမြို့နယ်ထဲက ရွာသား ၂၀၀၀ ကျော် ကျေးသီးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေသလို တောင်ကြောအနောက်ဘက် မိုင်းကိုင်မြို့ နယ်ထဲက ရွာသား ၇၀၀ ကျော်ဟာလည်း ဟွေ့လုံကျေးရွာအုပ်စုမှာ လာရောက်တိမ်းရှောင်နေ ကြပါတယ်။ 

ကျေးသီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက တိမ်းရှောင်ခဲ့ပြီး မိုင်းကိုင်မြို့နယ်ထဲမှာတော့ ဒီဇူလိုင်လ ၆ ရက်နေ့ကမှ စရောက်လာတာဖြစ်ပါတယ်။ 

အဲဒီနေ့ကစ ရွာသားတွေ တစစတိမ်းရှောင်လာရာမှာ မနေ့ကအထိ ၇၀၀ ကျော်သွားပြီလို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ မိုင်းကိုင်ဒေသခံ စိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့က ဒေသခံဆိုတော့ လာကူတဲ့အဖွဲ့တွေကို လိုက်ပို့တာပါခင်ဗျ၊ မနေ့က ကျနော်တို့ ရောက်သွားတော့ စစ်ဘေးရှောင် ရွာသားတွေဟာ ဟွေ့လုံကျေးရွာအုပ်စုက ဝမ်လျန့် ၊ ဟွေ့လုံနဲ့ နောင်လီဘုန်းကြီးကျောင်းမှာရော ဟွေ့လုံကျေးရွာစာသင်ကျောင်းတွေမှာပါ ခိုလှုံနေကြပါတယ်၊ စုစုပေါင်း ၇၀၀ ကျော်ရှိသွားပြီ၊ သူတို့က တိုက်ပွဲဖြစ်တဲ့ လွိုင်ဟွန်းတောင်ခြေ အနောက်တကြော မိုင်းခွန်ကျေးရွာအုပ်စုထဲကပါ။ ရွာတွေက အများကြီးပါ။ ဖတ်းဖစ်၊ လွိုင်ဟွန်း၊ ပန်လော့၊ ကုန်းမုန့်၊ နမ့်တောက်၊ မတ်ခီနူ စတဲ့ရွာတွေပေါ့။ တိုက်ပွဲက မနေ့နဲ့ ဒီကနေ့ ငြိမ်နေတယ်၊ တမြန်နေ့ညထိတော့ သေနတ်သံ ကြားရတယ်လို့ ပြောတယ်။”

တိုက်ပွဲရှောင်ရွာသားတွေကို SNLD ပါတီက အလှူရှင်တွေထံက ထောက်ပံ့ကူညီရေးတွေ စုစည်းပေးအပ်ခဲ့ပြီး တခြားအဖွဲ့တွေလည်း သွားရောက်ကူညီနေတယ်လို့ ဆိုပါတယ်။ 

RCSS နဲ့ SSPP နှစ်ဘက်တပ်တွေဟာ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အဆိုပါ လွိုင်ဟွန်းတောင်ခြေတဝိုက်မှာ ပစ်ခတ်နေတာ တစ်လကျော်ကြာမြင့်ခဲ့ပါတယ်။ တိုက်ပွဲအခြေ အနေနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

SSPP တာဝန်ရှိသူတယောက်ကတော့ လွိုင်ဟွန်းတောင်တိုက်ပွဲ ဇူလိုင်လ ၁၀ ရက်နေ့က ပြီးဆုံး သွားတဲ့အကြောင်း သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အဲဒီနောက် တောင်ထိပ်မှာ SSPP ဝင်ရောက်နေရာယူပုံတွေ ထွက်ပေါ်နေပါတယ်။ 

RCSS ဘက်ကတော့ လတ်တလောတိုက်ပွဲတွေကြောင့် ဒေသခံကျေးလက်ပြည်သူတွေ ဆင်းရဲဒု က္ခရောက်နေရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့အဖြေရှာဖို့ ဇူလိုင်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လွိုင်ဟွန်းတောင်တိုက်ပွဲမှာ  RCSS  ဘက်က နောက်ဆုတ်ပေးလိုက်တယ်လို့ ကျေးသီးမြို့ ခံက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013